နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးရောင်းချနေသူကို ဖမ်းဆီး

ရန်ကုန် မေ ၈

ဒလမြို့နယ်သမ္မတ ကမ်းခြေရပ်ကွက် ရေထိန်းတာရိုးလမ်းနေ၊ ဘူခိုး(ခ)တေဇာအောင်၏ နေအိမ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရ ဒလမြို့ရဲစခန်းမှ ဝင်ရောက်ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်ကဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်၊ ရေထိန်းတာရိုးလမ်းရှိ ဘူခိုး(ခ)တေဇာအောင်၏ နေအိမ်အတွင်းမူးယစ်ဆေးဝါးရောင်းချနေ ကြောင်း သတင်းအရ ဒလမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်ကျော်၊ ရဲမေဒုရဲအုပ်နွယ်မာထွန်း၊ ရဲတပ်ကြပ်ကြီးမင်းဇော်ဦး၊ ရဲတပ်ကြပ်မြင့်သိန်း၊ ရဲဒုတပ်ကြပ်ရန်အောင်၊ ဝင်းမောင်မောင်၊ ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်စိုးထွန်းနိုင်၊ ရဲဒုတပ်ကြပ်ဇော်ဇော်ထွေးနှင့် အသိသက်သေများပါဝင်ကာ ဘူခိုး(ခ)တေဇာအောင် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ၊ ဘူခိုး(ခ)တေဇာအောင်နှင့် ဇနီးမဇင်ဇင်ဝေတို့ နေအိမ်ထဲ၌တွေ့ရပြီး ယင်းတို့၏အိပ်ရာခေါင်းရင်းရှိ အစိမ်းရောင် ဘေးလွယ်အိပ်အတွင်းမှ အပြာရောင်ကပ်ခွာ ပလတ်စတစ်အိတ်အတွင်း အကြည်ရောင်ပလတ်စတစ်အိပ် တစ်ထုပ်လျှင် WY  စာတန်းပါ  စိတ်ကြွရူးသွပ်ဆေးပြာဟုဆရသော လိမ္မော်ရောင်ဆေးပြား ၅၀ ပြားစီပါအထုပ် ၁၆ ထုပ်အတွင်းမှဆေးပြား ၈၀၀ ပြား၊အကြည်ရောင်ကော်ပုလင်းသေးအတွင်းမှWY စာတန်းပါ လိမ္မော်ရောင် ဆေးပြား ၅ ပြား စုစုပေါင်းဆေးပြား ၈၀၅ ပြား အလေးချိန် ၈၀ ဒသမ ၅ ဂရမ် ဆေးခြောက်ဟု ယူဆရသော အညိုရောင် အရိုး၊ အရွက်၊ အစေ့ရောရာ ၀ ဒသမ ၇ ဂရမ်၊ မူးယစ်ဆေးဝါးရောင်းချရရှိငွေ ၆၀၀၀ ကျပ်  အနီရောင်မီးခြစ် ၂ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဘူခိုး(ခ)တေဇာအောင်(ဘ) ဦးချစ်သန်း(၃၂)နှစ် နှင့် ဇနီးမဇင်ဇင်ဝေ(ဘ)ဦးအောင်မြင့်(၁၈)နှစ်တို့နှစ်ဦးအား ဒလမြို့မရဲစခန်းမှ၊ မယ(ပ)၁၉/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေဆိုင်ရာပုဒ်မ၁၉(က)/၂၀(က)/၂၁ဖြင့်အမှုဖွင့်ထားရှိကာ    ဒုရဲအုပ်တင်မျိုးမင်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

 အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ