နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဆောင်နှင့်တိုက်မိသောကြောင့် ကုန်တင်ရေယာဉ် ရေဝင်နစ်မြုပ်

ကျောက်ဖြူ မေ ၈

တော်ဝင်သဇင်အမည်ရှိ ကုန်တင်ရေယာဉ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းထားသည့် ကလေးကစားကွင်းနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်၍ ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ထွက်ခွာခဲ့ ရာ ရေလမ်းကြောင်းမှားယွင်းစွာ ခုတ်မောင်းခဲ့သဖြင့် ရေလယ်ကျောက်ဆောင်ကို ဝင်တိုက်၍ ရေဝင်နစ်မြုပ်လျက်ရှိကြောင်းကို မေလ ၇ ရက်က သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကမ်းထိုးရေယာဉ်ဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြသည်။

အဆိုပါနေရာသို့ ဒေသခံလှေငယ်များဖြင့်ပူပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောက်ရွက်ခဲ့ ပြီး ကယ်ဆယ်ရရှိသောလှေသား ၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းနှင့်ဆယ်ယူရရှိသောပစ္စည်းတို့ကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။   

အောင်အောင်






အခြားဆက်စပ်သတင်းများ