နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီနိုင်ငံက ကာတာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ဖယ်ရှားပေးတော့မည်

ရီယာ့ဒ်၊ ဇန်နဝါရီ ၅


ကာတာနိုင်ငံကို ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံအများအပြားက ဆက်ဆံရေးဖြတ်တောက်ခဲ့သည့် ပဋိပက္ခတွင် ထူးခြားသည့် အပြောင်းအလဲတစ်ရပ်အနေဖြင့် ဆော်ဒီနိုင်ငံက ကာတာနိုင်ငံနှင့် ထိစပ်နေသည့် ကုန်းမြေ၊ ရေပြင်နယ်စပ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ကူဝိတ်နိုင်ငံက ပြောသည်။


ဆော်ဒီနိုင်ငံတွင် ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC)၏ ထိပ်သီးအစည်းအဝေး မတိုင်မီ ဆော်ဒီနိုင်ငံက ယခုကဲ့သို့ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ကာတာပဋိပက္ခ ကို အဆုံးသတ်နိုင်မည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိမ့်မည်ဟု အမေရိကန်နိုင်ငံ ထိပ်တန်းအရာရှိ တစ်ဦးက ပြောသည်။


ကာတာနိုင်ငံက အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေသည်ဟုဆိုကာ လွန်ခဲ့သည့် သုံးနှစ်ခွဲ တွင် အိမ်နီးချင်းနိုင်ငံများက ကာတာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့သည်။ ယူအေအီး၊ ဘာရိန်း၊ အီဂျစ်နိုင်ငံများက ဆော်ဒီနိုင်ငံနှင့်အတူ ရပ်တည်ပြီး ကာတာနိုင်ငံကို သံတမန်ရေးရာ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။


သေးငယ်သော်လည်း အလွန်ချမ်းသာ သည့် ကာတာနိုင်ငံက ဂျီဟတ်များကို ထောက်ပံ့ပေးခြင်းမရှိဟု တစိုက်မတ်မတ် ငြင်းဆန်ခဲ့သည်။ ကာတာနိုင်ငံ နှင့် ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် ကူဝိတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။    


KNT






အခြားဆက်စပ်သတင်းများ