နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိမ်းစ်ဘွန်းမင်းသမီး တန်ယာရောဘတ် ကွယ်လွန်

ဝါရှင်တန်၊ ဇန်နဝါရီ ၅


ဂျိမ်းစ်ဘွန်းဇာတ်ကားနှင့် Charlie's Angels ဇာတ်လမ်းတွဲ နောက်ဆုံးပိုင်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည့် အမေရိကန် ရုပ်ရှင်မင်းသမီး တန်ယာရောဘတ်မှာ အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ တန်ယာရောဘတ် ကွယ်လွန်ခဲ့ခြင်းကို ယင်း၏မိတ်ဆွေနှင့် အေးဂျင့်ဖြစ်သည့် မိုက်ပင်ဂျယ်က ကြေညာခဲ့ခြင်း ဖြစ်သည်။


တန်ယာရောဘတ်မှာ ဆာရော်ဂျာမိုး၏ နောက်ဆုံးဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်သည့် A View to a Kill ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး The Beastmaster ၊ Sheena: Queen of the Jungle စသည့် နာမည်ကျော် ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။ တန်ယာရောဘတ်သည် ပြီးခဲ့သည့် နှစ်များအတွင်း That '70's Show စီးရီးတွင်လည်း တစ်ကျော့ပြန် ပါဝင်ခဲ့သည်။


တန်ယာရောဘတ်သည် ဒီဇင်ဘာလ ၂၄ ရက်က ယင်း၏ခွေးများနှင့်အတူ လမ်းလျှောက်နေစဉ် သတိလစ် လဲကျသွားခဲ့ပြီး လော့စ်အိန်ဂျလိစ်မြို့ရှိ ဆီဒါဆိုင်းနိုင်းကျန်းမာရေးစင်တာသို့ ပို့ဆောင်ခဲ့ရသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ရသည့်အကြောင်းရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ သို့သော် ကိုဗစ်-၁၉ ရောဂါကြောင့် မဟုတ်ဟု Hollywood Reporter သတင်းဌာနက ဖော်ပြသည်။         


KNT






အခြားဆက်စပ်သတင်းများ