နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာလီကျွန်းရှိ နာမည်ကျော်ကမ်းခြေတွင် ဒေသခံများက သောင်တင်နေသည့် အမှိုက်တန်ချိန်ပေါင်းများစွာကို ရှင်းလင်း

ဂျကာတာ၊ ဇန်နဝါရီ ၅


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ နာမည်ကျော် ကူတာကမ်းခြေတွင် နေထိုင်သူများက နှစ်သစ်၏ ပထမဆုံးရက်၌ ကမ်းခြေတွင် သောင်တင်နေသည့် အမှိုက်တန်ချိန်ပေါင်းများစွာကို ရှင်းလင်းဖယ်ရှားခဲ့ကြသည်။


နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ကူတာကမ်းခြေသို့ ပလတ်စတစ်အမှိုက်များနှင့် ရေကြောင်းအမှိုက်သရိုက် သောင်တင်လေ့ရှိကြောင်း ဘာဒန်ဒေသ၏ သဘာဝပတ်ဝန်းကျင်ရုံး အကြီးအကဲ ပူဂျာက ပြောသည်။ ဘာဒန်ဒေသခံများက ကူတာကမ်းခြေရှိ ရေကြောင်းအမှိုက်သရိုက် တန်ချိန် ၃၀ ကို ရှင်းလင်းဖယ်ရှားခဲ့သည်ဟု အင်ဒိုနီးရှားအစိုးရပိုင် အန်တာရာသတင်းဌာနက ပြောသည်။


'' ရေကြောင်းအမှိုက်သရိုက် ၇၀ ရာခိုင်နှုန်းနီးပါးက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေပါ''ဟု အူဒါယာနာတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မဟာပါတာက ပြောသည်။ အမှိုက်များကို ထရပ်ကားများပေါ်တင်ဆောင်ကာ အမှိုက်ကန်သို့ သွားရောက်စွန့်ပစ်ခဲ့သည်ဟု ဆိုသည်။


နှစ်စဉ်နှစ်တိုင်း ကူတာကမ်းခြေသို့ အမှိုက်များ သောင်တင်ခြင်းမှာ အမှိုက်စွန့်ပစ်သည့် စီမံခန့်ခွဲမှုလွဲမှားချက်ကြောင့်ဟု ပူဂျာက ပြောသည်။ ပလတ်စတစ်အမှိုက်များမှာ အင်ဒိုနီးရှားနိုင်ငံအတွက် ဆိုးရွားသည့် ပြဿနာတစ်ရပ်ဖြစ်နေပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဝါကာတိုဘီအမျိုးသားဥယျာဉ်ရှိ ကာပိုတာကျွန်းအနီး တွေ့ရသည့် ဝေလငါးအသေကောင်၏ ဝမ်းဗိုက်အတွင်းမှ ပလတ်စတစ်အမှိုက် ၁၃ ဒသမ ၂ ပေါင် တွေ့ရှိခဲ့သည်။


ပြီးခဲ့သည့်ဧပြီလတွင် အင်ဒိုနီးရှားအစိုးရက ပလတ်စတစ်အမှိုက်များ သိသိသာသာ လျှော့ချနိုင်ရေးအစီအစဉ်ကို စတင်ခဲ့သည်။ အဆိုပါအစီအစဉ်အရ ၂၀၂၅ ခုနှစ်တွင် သမုဒ္ဒရာအတွင်းရှိ  ပလတ်စတစ်အမှိုက်ကို ၇၀ ရာခိုင်နှုန်း လျှော့ချပြီး ၂၀၄၀ ပြည့်နှစ်တွင် ပလတ်စတစ်အမှိုက် ကင်းစင်အောင် စီစဉ်ထားသည်။                          


KNT






အခြားဆက်စပ်သတင်းများ