နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖာနန်ဒက်စ်ရဲ့စိတ်အားထက်သန်မှုကအောင်မြင်မှုရဲ့လျှိူ့ဝှက်ချက်ပဲလို့ ဖွင့်ဟလိုက်တဲ့ နည်းပြဟောင်း

ဇန်နဝါရီ ၄


ဘရူနိုဖာနန်ဒက်စ်ကို ဘိုဗစ်စတီယာ အသင်းကနေ အသက် ၁၉ နှစ် မှာ အီတလီကိုခေါ်ယူပေးခဲ့တဲ့သူက စီးရီဘီကလပ် နိုဗာရာ အသင်းရဲ့ကင်းထောက်ချုပ် ဘော်ဂတီပဲဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က လက်ရှိမှာ ယူနိုက်တက်အတွက် လက်ပတ်မဝတ်ထားတဲ့ခေါင်းဆောင်လို့ဆိုလို့ရသလို ဘရူနိုကလည်း သူ့အနေနဲ့ အသင်းကိုဦးဆောင်ဖို့ လက်ပတ်မလိုကြောင်းဝန်ခံခဲ့ပါသေးတယ်။ ဘရူနိုရဲ့စိတ်ပိုင်းဆိုင်ရာက သိပ်ကို ကြောက်ဖို့ကောင်းအောင်ထက်မြက်နေပြီး ဒီအချက်ကပဲ ပေါ်တူဂီသားကို ကမ္ဘာ့အဆင့် ကစားသမားအဖြစ် ရပ်တည်နိုင်တာဖြစ်ပါတယ်။   ဘော်ဂတီက “ကျနော်တို့ဖာနန်ဒက်စ်ကိုကင်းထောက်ဖို့ဆိုပြီး ပေါ်တူဂီက ဘိုဗစ်စတီယာ ယူ(၁၉) အသင်းကိုသွားရောက်လေ့လာခဲ့ကြသလို သူက အသက်ရွယ် နဲ့ကြေးအရတော့မျှတတဲ့ပြောင်းရွှေ့ကြေးဖြစ်ပေမယ့် ၂၀၁၁ မှာ နိုဗာရာ လိုအသင်းအတွက် ပေါင်လေးသောင်းဆိုတာကသိပ်ကို များပြားတဲ့ပမာဏပဲလေ။ ဒီနေ့ မြင်တွေ့နေရတဲ့ ဖာနန်ဒက်စ်က အရင်တုန်းက အခြေအနေနဲ့အနည်းငယ်တော့ ကွဲပြားပါတယ်။   ဘရူနိုရဲ့ အဓိကအားသာချက်က နည်းစနစ် ကျေညက်ပြီး စိတ်ပိုင်းဆိုင်ရာထက်မြက်နေတာပါ။သူ့မှာ ကြံ့ခိုင်မှုပြဿနာတော့ရှိခဲ့ပြီး အားကစားသမား တစ်ယောက် မဟုတ်တဲ့ လူအနေနဲ့တောင် သူကအတော်လေး ပိန်လှီနေပြီး အေရိုးဗစ် ကစားဖို့တောင် အဆင်ပြေနေတဲ့ဘော်ဒီမျိုးဖြစ်နေတာပါ။ ယခုတော့လုံလောက်တဲ့ ကာယပိုင်းကိုပိုင်ဆိုင်ထားပါပြီ။ သူရောက်တဲ့နေရာတိုင်းမှာ နောက်တစ်ဆင့်တက်နိုင်မယ့် အနေထားကို အမြဲတမ်း ကြိုးစားခဲ့သူဖြစ်ပေမယ့် ဒီနေ့ သူဒီနေရာ အထိရောက်နေတာကိုတော့ အံအားသင့်မိတာအမှန်ပါပဲ။ အခုကျနော်တို့ ပြောနေတာက ကမ္ဘာပေါ်က အကျော်ကြားဆုံးအသင်းကြီးမှာ အဓိကအကျဆုံးကစားသမားအဖြစ် ကစားနေတဲ့ကစားသမား အကြောင်းပါ။ သူ့ကို ဒီအသင်းမှာမြင်ရလိမ့်မယ်လို့ အရင်တုန်းက မစဉ်းစားခဲ့ဖူးတာအသေချာပါပဲ။ သူ့မှာ အကောင်းဆုံးဖြစ်နိုင်တဲ့ အရည်အချင်းတွေရှိပေမယ့်သူ့ရဲ့ အရည်အချင်းအားလုံးကိုဘေးဖယ်လိုက်မယ်ဆို ရင် ဒီနေ့သူဒီနေရာကိုရောက်နေတဲ့ အဓိကအချက်ကစိတ်ပိုင်းဖြတ်မှုနဲ့ စိတ်အားထက်သန်မှုတို့ဖြစ်ပြီးသူက ဒီအရာကိုငယ်စဉ်ကနေ ယနေ့ထက်တိုင်မမေ့မလျော့ အားထုတ်ကြိုးစားခဲ့တာပါ”လို့ဆိုခဲ့ပါတယ်။     (SO)






အခြားဆက်စပ်သတင်းများ