နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မွေးဖွားနှုန်းထက် သေဆုံးနှုန်း ပိုမြင့်မားခဲ့

ဆိုးလ်    ဇန်နဝါရီ    ၄


တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်အတွင်း မွေးဖွားနှုန်းထက် သေဆုံးနှုန်း ပိုများခဲ့ရာ ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနည်းဆုံးနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က တောင်ကိုရီးယားနိုင်ငံတွင် ကလေးငယ် ၂၇၅၈၀၀ သာ မွေးဖွားခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ကလေးမွေးဖွားနှုန်း ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပြီးခဲ့သည့်နှစ်က သေဆုံးသူအရေအတွက်မှာ ၃၀၇၇၆၄ ဦး ရှိခဲ့သည်။ အဆိုပါကိန်းဂဏန်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယင်းတို့၏မူဝါဒများကို အခြေခံကျကျ ပြောင်းလဲရန် တိုက်တွန်းမှုများ ရှိလာခဲ့သည်။ လူဦးရေကျဆင်းလာခြင်းမှာ တောင်ကိုရီးယားနိုင်ငံအတွက် ဖိအားများစေခဲ့သည်။ လူငယ်အရေအတွက် နည်းပါးလာခြင်းကြောင့် အလုပ်သမားဦးရေ ကျဆင်းပြီး တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို တိုက်ရိုက်သက်ရောက်စေခဲ့သည်။ 

ပြီးခဲ့သည့်လတွင် သမ္မတမွန်ဂျေအင်က မိသားစုများအတွက် ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်များ အပါအဝင် ကလေးမွေးဖွားနှုန်းကျဆင်းမှုကို ဖြေရှင်းရန် ရည်ရွယ်သည့် မူဝါဒများ စတင်အကောင်အထည် ဖော်ခဲ့သည်။ ၂၀၂၂ ခုနှစ်မှ စတင်မည့် အဆိုပါစီမံကိန်းအရ ကလေးယူသည့် မိသားစုတိုင်းအတွက် ကလေးတစ်ဦးစီအတွက် ကလေးငယ်အသက်တစ်နှစ်မပြည့်မချင်း လစဉ်လတိုင်း ဝမ် ၃ သိန်း ထောက်ပံ့ပေးမည် ဖြစ်ပြီး ဝမ်ငွေ ၂ သန်း ( အမေရိကန်ဒေါ်လာ ၁၈၅၀) ထပ်မံ ထောက်ပံ့ပေးမည်ဖြစ်သည်။ အဆိုပါစီမံကိန်းအရ ၂၀၂၅ ခုနှစ်တွင် လစဉ်ထောက်ပံ့ငွေကို ဝမ် ၅ သိန်းအထိ တိုးမြှင့်ထောက်ပံ့မည်ဟု ဆိုသည်။                         KNT






အခြားဆက်စပ်သတင်းများ