နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိုးဘိုင်ဒင်ကို အတည်ပြုမည့်ရက် ရွှေ့ဆိုင်းပေးလိုသည့် ရီပတ်ဗလစ်ကန်အထက်လွှတ်တော်အမတ်တစ်စု၏ ကြိုးပမ်းမှုကို မိုက်ပန့်စ် ကြိုဆို

ဝါရှင်တန်    ဇန်နဝါရီ      ၄ 


အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ခြင်းကြောင့် အတည်ပြုရန် ငြင်းဆန်သည့် အထက်လွှတ်တော်အမတ်တစ်စု၏ ကြိုးပမ်းမှုကို အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ကြိုဆိုခဲ့သည်။ တက္ကဆက်လွှတ်တော်အမတ် တက်ခရုဇ် ဦးဆောင်သည့် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်များနှင့် ရွေးကောက်ခံ အထက်လွှတ်တော်အမတ် ၁၁ ဦးက ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဆိုသော အထောက်အထားမဲ့ စွပ်စွဲချက်များကို စာရင်းစစ်ဆေးရန်အတွက် ဂျိုးဘိုင်ဒင်အား အတည်ပြုပေးမည့်ရက်ကို ၁၀ ရက်ကြာ ဆိုင်းငံ့ရန် လိုလားနေသည်။ 

သို့သော် အထက်လွှတ်တော်အမတ်အများစုက ဇန်နဝါရီလ ၆ ရက်တွင် ဂျိုးဘိုင်ဒင်ကို အတည်ပြုဖွယ်ရှိနေ၍ ယင်းတို့၏ လှုပ်ရှားမှု မအောင်မြင်ရန် သေချာလုနီးပါး ရှိနေသည်။ ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒင်မှာ ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။ 

သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၃ ရက် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်ထားဆဲဖြစ်ပြီး မဲမသမာမှုများ ရှိခဲ့သည်ဟု ထပ်ဖန်တလဲလဲ ဆိုခဲ့သည်။ မိုက်ပန့်စ်က အလားတူ စွပ်စွဲမှုမျိုးလုပ်ခဲ့ခြင်းမရှိပေ။ သို့သော် မဲမသမာမှု၊ မူမမှန်မှုများရှိသည်ဆိုသည့် အမေရိကန်နိုင်ငံသားသန်းပေါင်းများ စွာ၏ စိုးရိမ်မှုအတွက် မိုက်ပန့်စ်လည်း ထပ်တူစိုးရိမ်ပြီး ဥပဒေအရ ယင်းတို့၏လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုမည့် လွှတ်တော်အမတ်များ၏ အားထုတ်မှုကို ကြိုဆိုသည်ဟု ယင်း၏ဝန်ထမ်းဦးစီးချုပ် မက်ရှော့က ပြောသည်။

KNT






အခြားဆက်စပ်သတင်းများ