နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်ဝေနိုင်ငံ မြေပြိုကျမှုတွင် ရုပ်အလောင်း ၅ လောင်း တွေ့ရှိ

ဇန်နဝါရီ       ၄


နော်ဝေနိုင်ငံတွင် နေအိမ် ၃၀ ပျက်စီးခဲ့သည့် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ရုပ်အလောင်း ၅ လောင်း တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ 

ပြီးခဲ့သည့်သောကြာနေ့နှင့် စနေနေ့တွင် ရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့ပြီး တနင်္ဂနွေနေ့နံနက်က ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အက်စ်ကျေးရွာကို ရွံ့နွံများ ဖုံးလွှမ်းစေခဲ့သည့် မြေပြိုကျမှုအပြီး လူ ၂၀ ဦး ပျောက်ဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၁၀ ဦးကို ပြန်လည်တွေ့ရှိခဲ့သည်။ လက်ရှိအချိန်အထိ လူ ၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားများက ရှာဖွေမှုများ ပြုလုပ်နေသော်လည်း အသက်ရှင်လျက် ကယ်တင်နိုင်ရန် အခွင့်အလမ်းနည်းနေသည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် နော်ဝေဘုရင်နှင့် မိဖုရားတို့ အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့သည်။

ကယ်ဆယ်ရေးသမားများက အဝါရောင်ရေမြှုပ်ပြားများကို ခင်းပြီး အပျက်အစီးများရှိရာ အန္တရာယ်ဇုန်ထဲသို့ ဝင်ရောက်လှုပ်ရှားနေပြီဖြစ်သည်။ နော်ဝေစစ်တပ်တွင် အသုံးပြုသည့် တံတားထိုးစက်ကို စေလွှတ်ထားသော်လည်း တန် ၅၀ အလေးချိန်ရှိသည့် တံတားထိုးစက်ကို အသုံးပြုနိုင်သည့် အခြေအနေမရှိသေးပေ။    KNT






အခြားဆက်စပ်သတင်းများ