နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-05) သေဆုံးမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ မတ် ၃၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် သတင်းထုတ်ပြန်ခဲ့သည်။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-05) အသက် (၆၉) နှစ်အရွယ် အမျိုးသားလူနာအား ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ ပါမောက္ခသမားတော်ကြီးများပါဝင်သောအဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက် ခဲ့သော်လည်း လူနာ၏အခြေအနေမှာ မတ် ၃၁ ရက်၊ နံနက်ပိုင်းတွင် ပိုမိုဆိုးရွားလာပြီး နံနက် ၇ နာရီ ၂၅ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်း (Cause of Death) မှာ (၁) လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း (Acute Respiratory Distress Syndrome with Septic Shock) ၊ (၂) COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19 with Severe Community Acquired Pneumonia) ၊ (၃) နှာခေါင်းကင်ဆာရောဂါအား ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမှုခံယူနေခြင်း (Underlying CA Nose with Radio Therapy) များကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ COVID-19 သည် အသက်အရွယ်ကြီးသူများ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသည်း ရောဂါ၊ ကျောက်ကပ်ရောဂါ စသည့် နာတာရှည်ရောဂါအခံရှိသူများ၊ စတီးရွိုက်ဆေးသောက်သုံးနေရသူများ နှင့်ခုခံအားကျဆင်းမှုရောဂါရှိသူများတွင် ရောဂါပြင်းထန်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် အဆိုပါ (Case-05) လူနာသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကင်ဆာရောဂါအခံရှိခြင်းနှင့် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ရသဖြင့် ခုခံအားကျဆင်းနေခြင်း အချက်များကြောင့် COVID-19 ပိုမိုပြင်းထန်ပြီး အသက်သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ