နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံက ကိုဗစ်ကာကွယ်ဆေး ၂ မျိုးကို အရေးပေါ်အသုံးပြုခွင့်ပေး

နယူးဒေလီ    ဇန်နဝါရီ    ၄


အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည်။ အရေးပေါ်အသုံးပြုခွင့်ရခဲ့သည့် ကာကွယ်ဆေး ၂ မျိုးမှာ အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီ ပူးပေါင်းဖော်စပ်ထားသည့် ကာကွယ်ဆေး (အိန္ဒိယနိုင်ငံတွင် Covishield ဟု လူသိများ) နှင့် အိန္ဒိယပြည်တွင်းဖြစ် Covaxin ကာကွယ်ဆေးဖြစ်သည်။ 

ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေး ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Serum Institute of India က Covishield ကာကွယ်ဆေးကို ထုတ်လုပ်ခွင့်ရရှိထားပြီး တစ်လလျှင် ကာကွယ်ဆေးအဖုံရေ သန်း ၅၀ ထုတ်လုပ်လျက်ရှိသည်။ သို့သော် ခွင့်ပြုချက် ရရှိပြီးပါက တစ်လလျှင် ကာကွယ်ဆေးအဖုံရေ သန်း ၁၀၀ အထိ တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။ 

Covishield ကာကွယ်ဆေးမှာ အပူချိန် ၂  ဒီဂရီဆဲလ်စီးယက်မှ ၈ ဒီဂရီဆဲလ်စီးယက်ကြား သိုလှောင်နိုင်စွမ်းရှိပြီး အဆိုပါအပူချိန်ပမာဏမှာ နေအိမ်သုံးရေခဲသေတ္တာ၏ အပူချိန်သာရှိသည်။ ထို့ကြောင့် Pfizer ၊ Morderna စသည့် ကာကွယ်ဆေးများထက် သယ်ယူပို့ဆောင်ရန် လွယ်ကူသည်။ Covishield ကာကွယ်ဆေးမှာ ရက်သတ္တပတ် ၄ ပတ်မှ ၁၂ ပတ်ကြား ၂ ကြိမ်ထိုးရသည့် ကာကွယ်ဆေးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာအောက်သာ ကျသင့်သည်။

အိန္ဒိယပြည်တွင်းဖြစ် Covaxin ကာကွယ်ဆေးကို အိန္ဒိယကုမ္ပဏီ Bharat Biotech က ဖော်စပ်ထားခြင်းဖြစ်ပြီး အာနိသင်မည်မျှထိရောက်သည်ဆိုသည့် အသေးစိတ်အချက်အလက်များ မသိရသေးပေ။ ထို့အပြင် အဆိုပါကာကွယ်ဆေးကို အကြီးအကျယ် စမ်းသပ်ထိုးနှံမှု မလုပ်ရသေးဟု ဆိုသည်။ သို့သော် Covaxin ကာကွယ်ဆေးမှာ ဘေးဥပဒ်ကင်းရှင်းပြီး ကိုယ်ခံအားရဲ့တုံ့ပြန်မှု ကောင်းမွန်စေသည်ဟု ဆေးဝါးထိန်းချုပ်ရေးအရာရှိ ဗီဂျေဆိုမာနီက ပြောသည်။ 

အမေရိကန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၅၀၀၀၀ နီးပါး ရှိသည့် အိန္ဒိယနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပြည်သူ သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်နေသည်။  


KNT






အခြားဆက်စပ်သတင်းများ