နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျ အမှိုက်စွန့်စေချင်

ရန်ကုန်၊ ဇန်နဝါရီ ၄


ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာ ရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိကို လူတိုင်းဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာ နေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့သည် အမှိုက်ကို စနစ်တကျစွန့်ပစ်သည့် အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ ကျေးလက်နေပြည်သူ များ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုများ လျှော့ချနိုင်စေရန်နှင့် မြေဆီလွှာထိခိုက်ဖျက်စီးမှုများမှ ကာကွယ်နိုင်ရန် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်ရှိ ကျေးရွာများတွင် အမှိုက်ကင်းစင်ရေး ပရဟိတအသင်းများက ဦးဆောင်၍ ကျေးရွာများအတွင်း စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အမှိုက်သိမ်းခြင်းများကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသည်။ အလားတူ သုံးခွမြို့နယ် လက်ပန်စံပြကျေးရွာများတွင်လည်း ဆောင်ရွက်လျက်ရှိသည်။ 

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများမှ အမှိုက်များကို နောက်ဖေးလမ်းကြားများသို့ စွန့်ပစ်နေ သည်ကို တွေ့မြင်နေရသည်။ မီးဖိုဆောင်ရွက်ထွက် အမှိုက်သရိုက်များကို သတ်မှတ်အမှိုက်ကန်၊ အမှိုက်ပုံရန် နေရာတွင် သတ်မှတ်အချိန်အတွင်း၌သာ စွန့်ပစ်ရန်လိုအပ်သည်။ လမ်းသွား၊ လမ်းလာများ ခရီးသည်များသည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိအမှိုက်ပုံးနေရာရောက်မှ စွန့်ပစ်ရပေမည်။ လမ်းသွားလမ်းလာ များအတွက် ချထားသောအမှိုက်ပုံးများတွင် ညစ်ညမ်းမှုဖြစ်စေသော အမှိုက်များစွန့်ပစ်ခြင်း၊ ကွမ်းတံထွေးများ ထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်တံထွေး၊ အန်ဖတ်အရည်များ စွန့်ပစ်ရမည်ဖြစ်သည်။ အများသုံးစင်္ကြံ၊ လူသွားလမ်းများတွင် အမှိုက်နှင့် စက်ဆုပ်ဖွယ်ရာများ ချမထားရန်နှင့် သတ်မှတ်စွန့်ပစ်နေရာမှအပ မပြုရန် ဆင်ခြင်ရမည်။ သို့သော်လည်း မြို့ပြနေ ပညာတတ်လူတန်းစား၊ ကြေးရတတ်များက ရပ်ကွက်အတွင်းရှိ မြေကွက်လပ်များကို အမှိုက်စွန့်နေရာအဖြစ် ပတ်ဝန်းကျင်နေသူများကို ဂရုမထား ထင်သလိုစွန့်ပစ်နေကြသည်။ မထီမဲ့မြင်အနိုင်အထက် သဘောအသွင်ဆောင်ကာ ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။

စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရမည်များကို ရေတွင်းရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန်လိုအပ်သကဲ့သို့ ယာဉ်များပေါ်မှ လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက်များ စွန့်မပစ်ရန်လည်း ထိန်းသိမ်းရမည်။ မြို့ပြနေပြည်သူများသည် စွန့်ပစ်အမှိုက်များကို သတ်မှတ်အမှိုက်ကန်၊ အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် မြို့ပြအလှကို စောင့်ရှောက်ထိန်းသိမ်း ဆောင်ရွက်စေချင်ကြောင်း။          ။






အခြားဆက်စပ်သတင်းများ