နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 720G ပါဝင်သည့် OPPO Reno 5 4G စမတ်ဖုန်းကိုကြေညာ

ရန်ကုန်  ဇန်နဝါရီ    ၃


OPPO က Reno5 4G  ဗားရှင်းကိုကြေညာလာပြီး Reno5 4G က 5G  ဗားရှင်းနှင့် ဒီဇိုင်းပိုင်းအတူတူဖြစ်သော် လည်း အရေးပါသည့်စနစ်အချို့မှာ ကွဲပြားသည်။

အဆိုပါဖုန်းက 4G သာထောက်ပံ့ထားမှုနှင့်အတူ Snapdragon 720G Chipset နှင့် ပါဝါထောက်ပံ့ထား သည်။ OPPO Reno5 4G မှာ ၆ ဒသမ ၄ လက်မ AMOLED 90Hz Refresh Rate နှင့် 180Hz Touch Sampling Rate သုံးထားပြီး 1080p+ Resolution သုံးထားသည်။ Netflix နှင့် Amazon Prime တို့ကို HD Resolution ဖြင့် ထောက်ပံ့ထားပြီး Dolby Atom Audio လည်းပါဝင်သည်။

ဘက်ထရီ 4300 mAhပါဝင်ကာ 50W ဖြင့် အားသွင်းနိုင်မည်ဖြစ်ပြီး ဘူးအတွင်းမှာ 65W Charger တစ်ပါတည်းထည့်သွင်းလာသည်။ Android 10 အခြေပြု Color OS 11 သုံးထားပြီး 8GB LPDDR4 RAM နှင့် 128GB Storage ပါဝင်ကာ Dual-SIM အပြင် microSD သုံးနိုင်မည်ဖြစ်သည်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး အဓိကကင်မရာက 64MP f/1.7 ဖြစ်သည်။ ဒုတိယကင်မရာက ၁၁၉ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်သည့် 8MP ဖြစ်ပြီး ကျန်ကင်မရာနှစ်လုံးက 2MP Macro + 2MP Depth ဖြစ်သည်။

OPPO Reno 5 4G စမတ်ဖုန်းကို ဇန်နဝါရီ ၉ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်း အနေဖြင့် ၃၇၅ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။               (သူရိန်)






အခြားဆက်စပ်သတင်းများ