နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံက ကာကွယ်ဆေးထိုးနှံနိုင်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေ

ဂျေရုစလင်  ဇန်နဝါရီ  ၃


ပြည်သူတစ်သန်းကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။ အစ္စရေးနိုင်ငံမှာ      လူ ၁၀၀ တွင် ကာကွယ်ဆေး ၁ ဒသမ ၅၅ ဖုံ ထိုးနှံပေးနိုင်ခဲ့ပြီး နံပါတ်(၁) နေရာ၌ ဦးဆောင်လျက်ရှိကာ ဘာရိန်းက လူ ၁၀၀ တွင် ကာကွယ်ဆေး ၃ ဒသမ ၄၉ ဖုံ၊ ဗြိတိန်နိုင်ငံက ၁ ဒသမ ၄၇ ဖုံဖြင့် အဆင့် (၂)၊ အဆင့် (၃) နေရာများတွင် ရပ်တည်နေကြောင်း အောက်စဖို့ဒ်တက္ကသိုလ်၊ ပညာရေးအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှု မှတ်တမ်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ 

အဆိုပါဝက်ဘ်ဆိုက်မှာ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို စာရင်းကောက်ယူဖော်ပြခြင်း ဖြစ်သည်။ အသုံးပြုခွင့်ပြုထားသည့် ကာကွယ်ဆေးအများစုမှာ ရက်သတ္တပတ်ခြားပြီး နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးများဖြစ်သည်။ 

အစ္စရေး၊ ဘာရိန်း၊ ဗြိတိန်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် အထိ လူ ၁၃၈ ဦးကိုသာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်သေးသည်။ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၈၄) သန်းကျော်ရှိပြီး လူ ၁ ဒသမ ၈ သန်းကျော် သေဆုံးခဲ့သည်။                          (KNT)






အခြားဆက်စပ်သတင်းများ