နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသုံးပြုသူကို စိတ်တိုင်းကျစေနိုင်မည့် HUAWEI Mate Pad T 10s

ရန်ကုန်   ဇန်နဝါရီ    ၂

ပေါ့ပါး ပါးလွှာသည့် HUAWEI MatePad T 10s က ခေတ်မီဆန်းပြားသောဒီဇိုင်း၊ စွဲငြိဖွယ်ကောင်းသော မျက်နှာပြင်တို့ဖြင့် ခိုင်မာသောခံစားချက်ကိုပေးစွမ်းနိုင်ပြီး 10.1-inch ရှိသော 1920 x 1200 FHD Display ကို သေးသွယ်သောဘေးဘောင်တို့ဖြင့် ဖွဲ့စည်းထားပြီး ကောင်းမွန်သောမြင်ကွင်းကိုရရှိသည်။ HUAWEI ClariVu™ နည်းပညာကြောင့် သင်မြင်သမျှအရာအားလုံးသည် သင့်လက်ထဲကိုရောက်ရှိလာသည်နှင့် လင်းလက်တောက်ပပြီး အသက်ဝင်နေမည်ဖြစ်သည်။

HUAWEI MatePad T 10 ၏ ဘေးနှစ်ဖက်တွင်ပါဝင်သည့် အဆင့်မြင့် Dual-Speaker System က အချိုးကျသောအသံကိုပေးစွမ်းပြီး ပိုမိုအားကောင်းသော အသံစနစ်ကိုရရှိနိုင်ရန် ဖန်တီးပေးသည်။ Harman Kardon နှင့် ဖန်တီးထားတာကြောင့် ဤတက်ဘလက်က အရည်အသွေးပြည့်ဝပြီး အသေးစိတ်ကျ၊ မှန်ကန်သောသံစဉ်များကိုသာ အသုံးပြုသူ၏စိတ်နှင့်အညီ သယ်ဆောင်လာပေးမည်ဖြစ်သည်။ Octa-core Chipset နှင့် အဆင့်မြင့် Algorithm တို့ပေါင်းစပ်ထားသည့် EMUI 10.1 က အဆင့်မြင့်သော ဂရပ်ဖစ်နှင့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သည်။ သတင်းဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း (သို့မဟုတ်) ဈေးဝယ်ထွက်ခြင်းတို့ကို စိတ်ကြိုက်  Apps  များပြောင်းလဲအသုံးပြုပြီး  ချောမွေ့တည်ငြိမ်သော  အတွေ့အကြုံကို ခံစားရ စေမည်။  HUAWEI App Multiplier က သင်အလျားလိုက်အသုံးပြုလျှင် App တစ်ခုတည်းကို Windows နှစ်ခုဖြင့် အသုံးပြုနိုင်ပြီး တစ်ဖက်တွင်ဈေးဝယ်နေချိန် အခြားတစ်ဖက်တွင်ဝယ်ယူမည့်ပစ္စည်းကိုပုံ တစ်ပြိုင်နက်ကြည့်ခြင်း (သို့မဟုတ်) စာရင်းစစ်နေရင်းနှင့် သတင်းဖတ်ခြင်းတို့ကိုပြုလုပ်နိုင်ပြီး ပိုမိုအဆင်ပြေစေရန် Windows ၏ အရွယ်အစားကို အကြီးအသေးပြောင်းရွှေ့နိုင်သည်။

အပြာရောင်အလင်းတန်းများကို လျှော့ချပေးသော ကြောင့် ဤတက်ဘလက်သည် နေ့စဉ်အသုံးပြုရန်အတွက် မျက်လုံးကိုအဆင်ပြေစေသောကြောင့် ကြိုက်နှစ်သက်သည့် စာအုပ်ကိုဖတ်နေချိန်တွင် eBook mode ကိုရွေးချယ်ပြီး စာဖတ်ခြင်းအတွေ့အကြုံကို ခံစားနိုင်သည်။ ညအချိန်တွင် Dark mode ကို ပြောင်းလဲခြင်းဖြင့် သင့်မြင့်ကွင်းအတွက် အလင်းလျှော့ချပေးပြီး ပိုမိုပျော့ပြောင်းသောမြင်ကွင်းကို ခံစားနိုင်မည်။ နုနယ်သောစိတ်ကို ဂရုစိုက်ခြင်းအားဖြင့် တက်ဘလက်တွင် ကလေးများအတွက် လွတ်လွတ်လပ်လပ် အသက်အရွယ်နှင့်လိုက်ဖက်သည့် အကြောင်းအရာများကို Kids Corner တွင် ရှာဖွေလေ့လာနိုင်ပြီဖြစ်သောကြောင့် ကလေးငယ်၏အမြင်အာရုံကို အကာအကွယ်ပေးရန် Six-Layered Protection5 ဖြင့် ကာကွယ်ပေးထားသည်။ ထို့ကြောင့် မတူညီသောအခြေအနေအမျိုးမျိုးမှာ ကောင်းမွန်သော Display Effect များနှင့် ကလေးမျက်လုံးလေးများထိခိုက်စေမည့် ကျန်းမာရေးနှင့်မညီညွတ်သော အသုံးပြုမှုကိုတားစီးရန် သတိပေးချက်များဖြင့် ကစားနိုင်၊ သင်ယူနိုင်မည်ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ