နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ရည်ရွယ်၍ စက်ရုံလုပ်သားများနှင့် အများပြည်သူအား ဆန်၊ ဆီ၊ ဆား ရောင်းချပေး

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုကို အထောက်အကူပြုစေရန်နှင့် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို ရည်ရွယ်၍ စက်ရုံအလုပ်သမားများနှင့် အများပြည်သူတို့အား အခြေခံစားသောက်ကုန် ၃ မျိုးကို မတ် ၃၀ ရက်၊ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် (၁) စီမံခန့်ခွဲရေးရုံးတွင် သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ အခြေခံစားသောက်ကုန် ၃ မျိုးကို ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းရောင်းချခြင်းဖြစ်ရာ စက်မှုဇုန် ၂၉ ဇုန်ရှိအလုပ် သမားများနှင့်အများပြည်သူကို ရောင်းချပေးသွားမည်ဖြစ်ရာ မတ် ၃၁ ရက်တွင် အထည်ချုပ်လုပ်သားအများဆုံး တည်ရှိရာ ရွှေလင်ပန်းစက်မှုဇုန်၌ ပဲ၊ အာလူးကြော်နှင့် ခေါက်ဆွဲခြောက် စသည်အမယ်များကိုလည်း ဖြည့်စွက်ရောင်းချပေးသွားမည်ဟု သိရသည်။ ရွှေပြည်သာစက်မှုဇုန် (၁) တွင် စက်ရုံ ၁၉၄ ရုံ၊ သာဓုကန်စက်မှုဇုန်တွင် စက်ရုံ ၁၈၀ နှင့် ဝါးတစ်ရာ စက်မှုဇုန်၌ စက်ရုံ ၈၀ ရှိပြီး စက်မှုဇုန် ၃ ရုံပေါင်းတွင် အလုပ်သမား ၆၀၀၀၀ ခန့်ရှိရာ အလုပ်သမား များနှင့် မိသားစုဝင်များ၊ စက်မှုဇုန်အနီးဝန်းကျင်ရှိ ပြည်သူတို့အတွက် ဈေးနှုန်း သက်သာစွာဖြင့် အခြေခံစားသောက် ကုန်များကို ရောင်းချပေးခြင်းဖြစ်ပြီး မတ် ၂၅ ၊ ၂၆ ရက်က လှိုင်သာယာစက်မှုဇုန်၌ စားသောက်ကုန် ၆ မျိုး ကို ပထမဆုံးအကြိမ် ရောင်းချပေးခဲ့သည်။ ဧည့်မထအုပ်စုဝင် ဆန်တစ်ပြည်လျှင် ကျပ်တစ်ထောင်၊ ဆားတစ်ထုပ်လျှင် ကျပ် ၁၀၀ နှင့် စားအုန်းဆီ တစ်လီတာကျပ်တစ်ထောင်ဖြင့် အခြားသောဆီများကိုလည်း လက်လီဈေးနှုန်းထက် သက်သာသောဈေးဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် စားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရန် UMFCCI ၏ ညီနောင်အသင်း များ ဝိုင်းဝန်း၍ လက်တွေ့အကောင်အထည်ဖော် ရောင်းချပေးလျက်ရှိပြီး အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ . သတင်း-၁၁၂၊ ဓာတ်ပုံ-ကနူး






အခြားဆက်စပ်သတင်းများ