နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Amazfit GTS2 Mini စမတ်နာရီများ အိန္ဒိယဈေးကွက်တွင်စတင်ဖြန့်ချိ

ဇန်နဝါရီ  ၂

Amazfit ထုတ် GTR 2 နှင့် GTS 2 တို့ကို အိန္ဒိယဈေးကွက်တွင် ကြေညာပြီးနောက် mini ဗားရှင်းသစ်လည်း ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်သည်။ Amazfit GTS 2 mini သည် Midnight Black နှင့် Flamingo Pink နှစ်ရောင်ဖြင့်ထုတ်ထားပြီး နောက်ပိုင်းတွင် Sage Green မော်ဒယ်လည်း ပါဝင်လာမည်ဖြစ်သည်။ လေးထောင့်ပုံနာရီအိုးသည် ပေါ့ပါးပြီး ပါးလွှာသည့် ဒီဇိုင်းအသုံးပြုထားပြီး Screen size ၁ ဒသမ ၅၅ လက်မသည် Always On AMOLED display အမျိုးအစားဖြစ်ပြီး watch face ဒီဇိုင်း ၅၀ ကျော် ပါရှိသည်။

အဆိုပါနာရီတွင် sports mode ၇၀ ကျော်ပါရှိပြီး အိပ်စက်မှုခြေရာခံခြင်း ၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်နှင့်စိတ်ဖိစီးမှု အခြေအနေတိုင်းတာသည့် စနစ်တို့လည်း ထည့်သွင်းထားသည်။ အမျိုးသမီးများအတွက်လည်း ဓမ္မတာစက်ဝိုင်း စောင့်ကြည့်စနစ်တစ်ခုပါရှိသေးသည်။ Amazfit GTS 2 mini တွင် သီချင်းနှင့် ကင်မရာထိန်းချုပ်မှုစနစ်လည်း ထည့်ပေးထားသည်။

GPS စနစ်ဖြင့် Alexa အသံစနစ်များ တစ်ခါတည်းပါလာသကဲ့သို့ 5ATM ရေစိမ်ခံနိုင်စွမ်းလည်းရှိသည့် အပြင် ဘက်ထရီပါဝါအနေဖြင့် 220mAh ပါဝါသုံးထားပြီး ပုံမှန်အသုံးပြုမှုအတွက် ၁၄ ရက်အထိခံနိုင်အားရှိသည်။ အဆိုပါနာရီများကို အိန္ဒိယဈေးကွက်တွင် ၆၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) ဈေးဖြင့် ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။    

(HWY)






အခြားဆက်စပ်သတင်းများ