နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ဆက်သွယ်ရေးလုပ်ငန်းစု ၃ ခုကို နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်မှ စာရင်းပယ်ဖျက်မည်

ဝါရှင်တန်  ဇန်နဝါရီ  ၂

တရုတ်စစ်တပ်နှင့် ဆက်နွှယ်နေသည်ဆိုသော တရုတ်ဆက်သွယ်ရေးလုပ်ငန်းစု ၃ ခုကို စာရင်းပယ်ဖျက် သွားမည်ဟု နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်က ပြောသည်။ China Mobile၊ China Telecom နှင့် China Unicom Hong Kong လုပ်ငန်းစုကို သမ္မတဒေါ်နယ်ထရမ့်အစိုးရက ပစ်မှတ်ထားခဲ့သည်။ နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်မှ စာရင်းပယ်ဖျက်ရန် လုပ်ဆောင်နေချိန်တွင် လာမည့်ရက်သတ္တပတ်မှ စတင်၍ ဆက်သွယ်ရေးလုပ်ငန်းစု ၃ ခု၏ ရှယ်ယာများကို ဆိုင်းငံ့သွားမည်ဖြစ်သည်။
ဆက်သွယ်ရေးလုပ်ငန်းစု ၃ ခုလုံး၏ ဝင်ငွေအားလုံးမှာ တရုတ်နိုင်ငံမှ ရရှိနေခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံတွင် ခြေကုပ်ယူထားခြင်းမရှိပေ။ အမေရိကန်နှင့် တရုတ်နိုင်ငံကြား ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ စာရင်းပယ်ဖျက်မှုမှာ မည်ကာမတ္တထိုးနှက်ချက်အဖြစ်သာ ရှုမြင်ထားကြသည်။

လုပ်ငန်းစုသုံးခု၏ ရှယ်ယာများကို အဓိကအားဖြင့် ဟောင်ကောင်ရှယ်ယာဈေးကွက်တွင်သာ ရောင်းဝယ်နေပြီး နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်တွင် အနည်းငယ်သာ အရောင်းအဝယ်လုပ်ခဲ့သည်။ တရုတ်စစ်တပ်က ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် တရုတ်ကုမ္ပဏီများကို အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်သည့် အမိန့်ကို ပြီးခဲ့သည့်နိုဝင်ဘာလတွင် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးခဲ့ သည်။ အဆိုပါအမိန့်အရ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်စစ်တပ်နှင့်ပတ်သက်နေ သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က သတ်မှတ်ထားသည့် ကုမ္ပဏီများ၏ ရှယ်ယာများကို အရောင်း၊ အဝယ်လုပ်ခွင့်မရှိပေ။

 (KNT)






အခြားဆက်စပ်သတင်းများ