ပါရီ ဇန်နဝါရီ ၂
ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မြင့်တက်လျက်ရှိရာ တရားမဝင် ကျင်းပသည့် ပါတီပွဲတစ်ခုသို့ လူ ၂၅၀၀ ကျော် တက်ရောက်ခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ဘရစ်တနီမြို့ရှိ ဂိုဒေါင်တစ်ခုတွင် စတင်ကျင်းပခဲ့သည့် ပါတီပွဲမှာ ယခုအချိန်အထိ ကျင်းပနေဆဲဖြစ်သည်။
သောက်စား၊ ကခုန်ကြသည့် ပါတီပွဲကို ဗြိတိန်နှင့် စပိန်နိုင်ငံများမှ လူများပါ တက်ရောက်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ရဲအရာရှိများက ပါတီပွဲကို ဖျက်သိမ်းရန် ကြိုးပမ်းချိန်၌ ပါတီဆင်နွှဲနေသူများက ကားတစ်စီးကို မီးရှို့ခဲ့ပြီး ရဲအရာရှိများကို အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့ရာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး ရဲအရာရှိသုံးဦး ဒဏ်ရာရခဲ့သည်။
အဆိုပါ ပါတီပွဲတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေးစည်းမျဉ်းကို လိုက်နာသူမရှိသလောက်နည်းပါး ကြောင်း ပါတီပွဲ ဆင်နွှဲခဲ့သူတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။ ပါတီပွဲဆင်နွှဲသူများမှာ ယင်းတို့၏ ကားအတွင်း အိပ်စက်ခဲ့ကြပြီး အချို့က လာမည့်တနင်္ဂနွေနေ့၊ အချို့က လာမည့်အင်္ဂါနေ့မှ ပြန်ကြရန် စီစဉ်ထားသည်ဟု ဆိုသည်။
(KNT)