နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးညှင်းမြို့နယ်၌ ဘိန်းဖြူများဖမ်းဆီးရမိ

မိုးညှင်း မေ ၈

  မေ ၇ ရက်၊ နံနက် ၆ နာရီခွဲအချိန်၌ ဟိုပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ (၅)မိုင်ကျေးရွာ နန့်ခွင်တံတားထိပ်တွင် မင်းသူ(၃၀)နှစ် မောင်းနှင်ပြီး ဇော်ဒွဲ(ခ)အဒွဲ(၁၉)နှစ်ပါ ၂ ဦး လိုက်ပါလာသည့် YGN 6H/------Nissan AD Van ယာဉ်အား စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ဆပ်ပြာခွက် ၄၄ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၄၄၀ ဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်အရ အဆိုပါပူးပေါင်းအဖွဲ့သည် မဂျာအောင် ငှားရမ်း နေထိုင်သော နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ယင်းအားမတွေ့ရှိဘဲ အိမ်ရှင် မောင်ဇော်(ခ) ဇော်ရစ် (၄၈)နှစ်အား တွေ့ရှိပြီး ယင်း၏အိပ်ခန်းအတွင်းနှင့် မီးဖိုခန်းတို့မှ ဆပ်ပြာခွက် ၅ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၅၃ ဒသမ ၃ ဂရမ်အား သိမ်းဆည်းရမိခဲ့သဖြင့် မင်းသူ(၃၀)နှစ်ပါ အမျိုသား(၃)ဦး(ဖမ်းမိ)၊ မောင်ဇော်(ခ) ဇော်ရစ်(ဖမ်းမိ)နှင့် မဂျာအောင် (ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ