နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်နှင့် မြတ်မြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ် မေ ၈

 မေ ၇ ရက်၊ မွန်းလွဲ ၁ နာရီအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖတ်ဟိ(အောက်) ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ် ကားလမ်း ပေါ်တွင် လီဗု(၂၁)နှစ် မောင်းနှင်ပြီး လော်ညီး(၂၂)နှစ် လိုက်ပါလာသည့် SHN 5K/----- Fortuner ယာဉ် အား စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြားနှင့် ဖုန်း ၂ လုံးတို့အား ဖမ်းဆီးရမိခဲ့သဖြင့် လီဗု ပါ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

အလားတူ မေ  ၆ ရက်၊ ည ၁၁ နာရီခွဲအချိန်၌ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သည့် ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ တောင်ပုလဲကျေးရွာ၊ မြိတ်-တနင်္သာရီ ကားလမ်းပေါ်၌ ဇင်နိုင်(ခ) လာဇတ်(၂၈)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄ ပြား၊ ICE    ၀ ဒသမ ၀၂၄ ကီလိုနှင့် ငွေ ၄၁၀,၀၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် ဇင်နိုင်(ခ)လာဇတ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိပ်ခန်း အတွင်းမှ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် ဘိန်းစာမှုန့် ၀ ဒသမ ၂၃ ကီလိုနှင့် အရှည် ၁၁ လက်မခန့်ရှိ လက်လုပ်တူမီးသေနတ်တစ်လက်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဇင်နိုင်(ခ) လာဇတ်(ဖမ်းမိ)အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ