နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းရာသီကာလတွင် တိုက်ပွဲရှောင် ဒုက္ခသည်စခန်းများ၌ လိုအပ်နေသော စောင်နှင့် အနွေးထည်များ ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့က လှူဒါန်း

စစ်တွေ  ဇန်နဝါရီ   ၁


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသောတိုက်ပွဲရှောင် ဒုက္ခသည်များကို ဒီဇင်ဘာလ(၃၁)ရက်နေ့က ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့က ဆောင်းရာသီ၌ လိုအပ်နေသည့်စောင်နှင့်အနွေးထည်များသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျေးတောပိုက်ဆိပ်ဘုန်းကြီးကျောင်းတိုက်ပွဲရှောင်ဒုက္ခသည်စခန်းသည် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင် ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်အစရှိသည့် မြို့နယ်များမှ ဒုက္ခသည် (၁၂၀) ကျော် ခိုလှုံနေသည့် စခန်းဖြစ်ကြောင်းသိရသည်။ ထိုသို့သွားရောက်လှူဒါန်းခဲ့သော ရခိုင်အမျိုးသားများ လူမှုကယ်ဆယ်ရေး အဖွဲ့မှာ  ရန်ကုန်မြို့ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းကဖွဲ့ထားသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိအနုပညာရှင်များ၊ အလှူရှင်များအကူအညီဖြင့် ဒီဇင်ဘာလဒုတိယအပတ်ကစတင်ပြီး   စစ်တွေမြို့ရှိတိုက်ပွဲရှောင်ဒုက္ခသည်စခန်းများကို တတ်နိုင်သလောက်စုပေါင်း၍ လှူဒါန်းနေခြင်းဖြစ်ကြောင်းအဆိုပါ အကူအညီပေးရာတွင်ပါဝင်သောအဆိုတော် ကိုရိုက်ဒါကပြောသည်။                       

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ