နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချောင်းဦးမြို့နယ်အတွင်း နှစ်ဦးအထူးအန္တရာယ်ကင်းပရိတ် တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ချောင်းဦး  ဇန်နဝါရီ  ၁


စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ချောင်းဦးမြို့၌နှစ်တစ်နှစ်၏အစရက်ဖြစ်သော ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်းကျရောက်လာမည့်ဘေးအန္တရာယ်အပေါင်းကင်းဝေးစေရန်အတွက် မြို့နယ် အတွင်းသို့အန္တရာယ်ကင်းပရိတ်တရားတော်များလှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။

နဂါးနီသာသနဗိမာန်တော်အတွင်းနှင့် ရွှေဂူကြီးဘုရားအတွင်းတွင် မြို့နယ်သံဃာ့နာယကဆရာတော်ကြီး များဦးဆောင်ပြီးချောင်းဦးမြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် များမှစတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဆရာတော် သံဃာတော်များက စီစဉ် ထားသည့်ကားများဖြင့်မြို့နယ်အတွင်းရပ်ကွက်များအတွင်းလမ်းများ၊မုံရွာ-မန္တလေးကားလမ်းမ၊ချောင်းဦး-အမြင့်ကားလမ်း၊ချောင်းဦး-ပခုက္ကူကားလမ်းများ ပေါ်တွင်လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့သည်။

နှစ်ဦးအန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ဘော်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ဂေါပကလူကြီးများ၊ မြို့နယ်အတွင်းရှိရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီခဲ့ပြီး ရပ်ကွက်ပြည်သူများကလည်း  သံဃာတော်များအား အချိုရည်၊ အအေးများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ မြို့အတွင်းအန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်     ပူဇော်ကြသည့် သံဃာတော်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုများက ဓမ္မိကာရာမ ကျောင်းတိုက်တွင်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။                           


ဝင်းမြင့်အောင်(ပြန်ဆက်)






အခြားဆက်စပ်သတင်းများ