နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝူဟန်မြို့ နှစ်သစ်ကူးအခမ်းအနားတွင် လူထောင်ချီ ပါဝင်ဆင်နွှဲ

ဘေဂျင်း  ဇန်နဝါရီ  ၁


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း နှစ်သစ်ကူးအခမ်းအနားများ ခြောက်သွေ့ခဲ့သော်လည်း ရောဂါစတင်ကူးစက်ပြန့်ပွားခဲ့သည့် ဝူဟန်မြို့တွင် လူအများအပြား ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

ဝူဟန်မြို့၏ အစဉ်အလာအတိုင်း နှစ်သစ်ကူးညတွင် လူအများစုဝေးလေ့ရှိသည့် ဟန်ကိုးဓလေ့ ရှေးဟောင်းအိမ်ကြီးရှေ့တွင် လူထောင်ချီစုဝေးခဲ့ကြပြီး နာရီသံ ၁၂ ချက် ထွက်ပေါ်လာချိန်တွင် လူအများက လေထဲသို့ ပူဖောင်းများလွှတ်ကြပြီး ဟက်ပီးနယူးရီးယားဟု အော်ဟစ်ခဲ့ကြသည်။ နှစ်သစ်ကူးအခမ်းအနား ကျင်းပရာနေရာတွင် လုံခြုံရေးအစောင့်အကျပ်များ ချမှတ်ထားပြီး နှာခေါင်းစည်းမတပ်ပါက အဆိုပါ နေရာတွင် ဆက်နေခွင့်မရှိဟု သတိပေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူထောင်ချီသေဆုံးခဲ့ပြီး ၃ လကြာ ပိတ်ဆို့ခံခဲ့ရသော်လည်း တင်းကျပ်သည့်စည်းမျဉ်းများကြောင့် လပေါင်းများစွာကြာ ဒေသတွင်းကူးစက်မှု   မတွေ့ရှိခဲ့ပေ။                                                                                                                         

(KNT)






အခြားဆက်စပ်သတင်းများ