နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်နိုင်ငံမှ ၁၂ နှစ်အရွယ် မိန်းကလေးငယ်က TikTok ကုမ္ပဏီကို တရားစွဲဆို

လန်ဒန်  ဇန်နဝါရီ  ၁


TikTok app က က လေးငယ်များ၏ အချက်အလက်များကို တရားဥပဒေနှင့် မလျော်ညီစွာ အသုံးပြု နေသည်ဟုဆိုကာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးက တရားစွဲဆိုရန် မျှော်လင့်လျက်ရှိသည်။ တရားစွဲဆိုခွင့်ရပါကလည်း မိန်းကလေးငယ်အနေဖြင့် အမည်မဖော်ဘဲနေခွင့်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။ တရားစွဲဆိုခွင့်ရရန် လျှောက်ထားမှုကို အင်္ဂလန်နိုင်ငံ၏ ကလေးငယ်များဆိုင်ရာ ကော်မရှင် မင်းကြီး အန်နီလောင်းဖီးက ထောက်ခံထားသည်။ TikTok  app က ဗြိတိန်နိုင်ငံနှင့် ဥရောပသမဂ္ဂ၏ အချက်အလက်ကာကွယ်ရေးဥပဒေများကို ချိုးဖောက်ခဲ့သည်ဟု အန်နီလောင်းဖီးက ယုံကြည်နေသည်။ 

ကလေးငယ်များကို ကာကွယ်ပေးရန် ခိုင်မာပြတ်သားသည့် မူဝါဒများ ချမှတ်ထားပြီး အသက် ၁၃ နှစ်အောက် ကလေးငယ်များကို TikTok app အသုံးပြုခွင့်မပြုကြောင်း TikTok ကုမ္ပဏီကပြောသည်။ ယခုဖြစ်ရပ်မှာ အင်္ဂလန်နှင့် အခြားနိုင်ငံများရှိ TikTok app အသုံးပြုသည့် အသက် ၁၆ နှစ်အောက်ကလေးငယ် များကို ပိုမိုလုံခြုံစွာကာကွယ်ပေးနိုင်မည့်စည်းမျဉ်းများ ဖြစ်ပေါ်လာစေမည်ဟု အန်နီလောင်းဖီးက  မျှော်လင့် လျက်ရှိသည်။ 

 TikTok app က ဗီဒီယိုအကြံပြုချက် အယ်လ်ဂိုရစ်သမ် အားကောင်းစေရေး၊ ကြည့်ရှုသူများ၏ စိတ်အာရုံကိုဖမ်းစားပြီး ကြော်ငြာဝင်ငွေတိုးပွားစေရေးအတွက် ကလေးငယ်များ၏ အချက်အလက်များကို ရယူစုဆောင်းနေသည်ဟု အန်နီလောင်းဖီးက ယုံကြည်နေသည်။ လန်ဒန်မြို့ တရားရုံးက စံနမူနာအနေဖြင့် ကလေးငယ်၏ အချက်အလက်များကို ဖျက်ပေးရန်  TikTok ကုမ္ပဏီကို အမိန့်ချမှတ်မည်ဟု မျှော်လင့် ထားကြောင်း ယင်းက ဆိုသည်။

၂၀၁၉ ခုနှစ်တွင် ကလေးငယ်များ၏ အချက်အလက်များကို ကိုင်တွယ်မှုနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင်က TikTok ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်း ဒဏ်ရိုက်ခဲ့ဖူးသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း အလားတူအကြောင်းပြချက်ကြောင့် တောင်ကိုရီးယားနိုင်ငံက လည်း TikTok ကုမ္ပဏီကို ဒဏ်ရိုက်ခဲ့သည်။                                                                                   

(KNT)






အခြားဆက်စပ်သတင်းများ