နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်

 ရန်ကုန်   ဇန်နဝါရီ    ၁


ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ COVID-19 ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသောကြောင့် လူတိုင်းလူတိုင်း ပူပန် ကြောင့်ကြစိုးရိမ်သောကဖြင့် ၂၀၂၀ ပြည့်နှစ်ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ယနေ့သည် ၂၀၂၁ ခုနှစ်သို့ စတင်ကူးပြောင်း ရောက်ရှိသည့် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပေသည်။ နှစ်သစ်ကူးကာလအတွင်း ကမ္ဘာအရပ်ရပ်တွင် နှစ်ဟောင်း မှာရင်ဆိုင်ဖြေရှင်းခဲ့ရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများအပေါ် သင်ခန်းစာအဖြစ် သုံးသပ်မှတ်ယူ ကာ အနာဂတ်အတွက် ပိုမိုကောင်းမွန်သောအခွင့်အလမ်းကောင်းများကိုဖန်တီးရယူကာ နှစ်သစ်ကိုကြိုဆို ဖြတ်သန်းကြရမည်ဖြစ်သည်။

နှစ်သစ်ကူးပွဲတော်များကို လူမှုကွန်ရက်မီဒီယာများနှင့် ရုပ်မြင်သံကြားလိုင်းများပေါ်မှ ပျော်ရွှင်ကြည်နူး စွာဖြင့် နှစ်သစ်ကူးပွဲတော်များကျင်းပနိုင်ခြင်းသည် လွတ်လပ်သောနိုင်ငံ၏ သရုပ်သကန်ကို ဖော်ကျူးခြင်း လည်း ဖြစ်ပေသည်။ မည်သည့်နိုင်ငံမျှ လွတ်လပ်ရေးကို လွယ်လွယ်ကူကူရရှိခဲ့ခြင်းမဟုတ်ပေ။ မြန်မာ့ လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး မြောက်မြားစွာဖြင့် လဲလှယ်ခဲ့ကြရသည်။ မြန်မာတိုင်းရင်းသားအားလုံး ၏ စည်းလုံးညီညွတ်မှုဖြင့် မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ရယူနိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံသားတို့ လွန်ခဲ့သော ၇၂ နှစ်မတိုင်မီက နယ်ချဲ့တို့၏ ခြယ်လှယ်မှုအောက်တွင် ပြားပြားဝပ်ခဲ့ကြရ သည်။ မလွတ်လပ်ခြင်း၏ ဆိုးကျိုးများကိုခံစားခဲ့ကြရသည်။ ယနေ့ခေတ်တွင် စည်းကမ်းမူဘောင်အတွင်းမှ လူတိုင်း လူတိုင်း လွတ်လပ်ရေး၏ အနှစ်သာရကို ကောင်းစွာခံစားနေကြရပြီဖြစ်သည်။ ကန့်သတ်ချုပ်ချယ်မှု မရှိ လွတ်လပ်ရေးအရသာကို ကောင်းမွန်စွာခံစားနိုင်ပေသည်။ သို့သော် လွတ်လပ်ခြင်း၏တန်ဖိုးကို သိရှိပြီး လွတ်လပ်ခြင်း၏ သဘောကိုနားလည်မှသာ လွတ်လပ်ရေးကို ကာကွယ်နိုင်မည်ဖြစ်သည်။ လွတ်လပ်ရေးဟူ သည် ပေါ့ပေါ့တန်တန်သဘောထားလျှင် အလွယ်တကူ ဆုံးရှုံးနိုင်သည်။ ယနေ့ကမ္ဘာရွာကြီးသို့ရောက်ရှိနေသော အချိန်အခါတွင် ရှေးခေတ်ကဲ့သို့ စစ်ရေးဖြင့် ကျူးကျော်ခြင်းမဟုတ်တော့၊ ယဉ်ကျေးမှုအရသော်လည်း ကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း နယ်ချဲ့များက ကျူးကျော်နေကြ သည်ကို သတိချပ်သင့်ပေသည်။

မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့သို့ ရောက်လေတိုင်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို မြန်မာနိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြလေသည်။ ၂၀၂၁ ခုနှစ် (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့ကို အမျိုးသားရေးဦးတည်ချက်များအဖြစ်-

(၁) ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်   အချုပ်အခြာအာဏာ

တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး "စုပေါင်းအင်အား"ဖြင့် ကာကွယ်စောင့်ရှောက် 

ရေး။

(၂) လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှ

မှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူရရှိခံစားရေး။

(၃) စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်

ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး။

(၄) ပြည်ထောင်စုကြီး  ထာဝရတည်တံ့ရေးအတွက်    ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍   ခေတ်မီဖွံ့ဖြိုး 

တိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။

(၅) နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်     အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်၍    ပြည်သူတစ်ရပ်လုံး 

ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံးပါဝင်ပြီး စုပေါင်းအားဖြင့်ရင်ဆိုင် 

ကျော်လွှားရေး ဦးတည်ချက်များဖြင့် ဆင်ယင်ကျင်းပကြမည်ဖြစ်သည်။ အနှစ်သာရပြည့်ဝသော လွတ်လပ်ရေးနေ့အခမ်းအနားများကို ဆင်ယင်ကျင်းပဂါရဝပြုလျက် လွတ်လပ်ရေး၏ တန်ဖိုးကို စောင့်ထိန်း လိုက်နာကျင့်ကြံအပ်ပေသည်။






အခြားဆက်စပ်သတင်းများ