နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ကြီးဘိုးဘွားများအားအိမ်တိုင်ရာအရောက် လူမူရေးပင်စင်ပေးအပ်

ဆီဆိုင် ဇန်နဝါရီ ၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ် သောလူမူရေး ပင်စင်ထောက်ပံ့ငွေများကိုဇန်နဝါရီ ၁ ရက်နံနက် ၉ နာရီကအောင်ချမ်းသာရပ်ကွက်အတွင်း ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄)ဦးတို့အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကိုအသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာဆီဆိုင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်အတွင်း ရှိလူမူရေးပင်စင်ရရှိသောအဘိုး(၁)ဦးနှင့် အဘွား(၃)ဦးတို့အားတစ်ဦးလျှင် ငွေကျပ်(၃)သောင်း စီကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်စာရေးဦခွန်ကျော်ခင်နှင့် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် တို့က အိမ်တိုင်ရာများ အရောက်သွားရောက် ထောက်ပံ့ပေးအပ်ရာဘိုးဘွားများက နှစ်သစ်မှာငွေဝင်သည့် အတွက် ဝမ်းသာပီတိဖြစ်ကြကြောင်းသိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)






အခြားဆက်စပ်သတင်းများ