နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းစည်ပင်နယ်နိမိတ်ဖြစ်သော ကွမ်းခြံကုန်း မြို့နယ်သို့ Mobile Market စနစ်ဖြင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ကုန်ခြောက်ပစ္စည်းမျိုးစုံကို ဈေးနှုန်းချိုသာစွာ လှည့်လည်ရောင်းချလျက်ရှိ

ရန်ကုန် ဒီဇင်ဘာလ  ၃၁


ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ ပူးပေါင်း၍တိုင်းစည်ပင်သာယာရေးနယ်မြေရှိ မြို့နယ်များကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ် ကံကြီး/မကျီးရပ်ကွက် စ/၃ နှင့် စ/၄ ထိပ် တောင်ဘက်ပိုင်းရပ်ကွက် ဓမ္မာရုံ လမ်းထိပ် နှင့် ရဲစခန်းအရှေ့ သို့ သွားရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယနေ့ ကွမ်းခြံကုန်းမြို့နယ်သို့ လာရောက်ရောင်းချသော ရောင်းကုန်များမှာ စားသုံးဆီ၊ ငရုပ်၊ ကြက်သွန်(အဖြူ၊ အနီ)၊ ငါးသေတ္တာဗူး၊ နို့ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ဟင်းသီးဟင်းရွက်မျိုးစုံနှင့် မီးဖိုချောင်သုံး စားသုံးကုန်များကို စျေးရောက်း ကား(၄)စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

ယခုလို ရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက လမ်းညွှန်မှာကြားပြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ယခုလက်ရှိ ဖြစ်ပေါ်နေသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် နိုင်‌စေရန်အတွက် စျေးဝယ်သူအချင်းချင်း လူစုလူဝေးမဖြစ်ပေါ်စေရန်၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေအကွာမှာနေ၍ တန်းစီစနစ်ဖြင့် စနစ်တကျဝယ်ယူအားပေးကြရန် အတွက် Hand Speakerဖြင့် လိုက်ပါအသိပေးခြင်း၊ လူကိုယ်တိုင် ကြီးကြပ်သတိပေးခြင်းများကိုလည်း လိုက်လံနှိုးဆော်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ