နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခရစ်ယာန်အသင်းတော်အဖွဲ့အစည်းများနှင့် တွေ့ဆုံ

‌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ခရစ်ယာန်အသင်းတော် အဖွဲ့အစည်း များမှ တာဝန်ရှိသူများအား မတ် ၃၁ ရက်၊ နံနက် ၁၁ နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ၀န်ကြီးချုပ်အား ခရစ်ယာန်အသင်းတော် အဖွဲ့အစည်းများမှ တာ၀န်ရှိသူများက မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့် ရန်ကုန်ခရစ်ယာန်အသင်းတော်များ ကောင်စီတို့၏ ဦးဆောင်ညှိနှိုင်းမှုဖြင့် COVID-19 ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။ ‌တွေ့ဆုံစဉ်တွင် စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ . (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)






အခြားဆက်စပ်သတင်းများ