နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ နာမည်ကျော်သဘာဝပတ်ဝန်းကျင်သမား ရေခဲပြင်ထဲပြုတ်ကျသေဆုံးဖွယ်ရှိ

ဘေဂျင်း   ဒီဇင်ဘာ ၃၁


''ရေခဲမြစ်ညီ''ဟု ချစ်စနိုးခေါ်သည့် တရုတ်နိုင်ငံမှ သဘာဝပတ်ဝန်းကျင်သမား၊ လူမှုကွန်ရက်ပေါ်မှ ထင်ပေါ်ကျော်ကြားသူမှာ တိဘက်ဒေသရှိ ရေခဲပြင်ထဲသို့ ပြုတ်ကျပြီ သေဆုံးခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ အသက် ၃၀ အရွယ်ရှိသည့် ဝမ်ရှင်းကျန်မှာ ရေခဲမြစ် ရေတံခွန်တစ်ခုကို ရှာဖွေနေစဉ် ဒီဇင်ဘာလ ၂၀ ရက်က ပျောက်ဆုံးသွားခြင်းဖြစ်သည်။ 

ယင်း၏ရုပ်အလောင်းကို မတွေ့ရသေးပေ။ သို့သော် ယင်းသေဆုံးခြင်းကို ပြီးခဲ့သည့်စနေနေ့က ယင်း၏ လူမှုကွန်ရက်ပေါ်တွင် အတည်ပြုခဲ့ဖွယ်ရှိသည်။ ဝမ်ရှင်းကျန်မှာ ရေခဲမြစ်များကို ရှာဖွေသည့်ဗီဒီယိုများ၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို မီးမောင်းထိုးပြသည့် ကြိုးပမ်းမှုများကြောင့် နာမည် ကျော်ကြားသူဖြစ်သည်။ တရုတ်နိုင်ငံ၏ လူမှုကွန်ရက်ပေါ်တွင် ဝေမျှထားသည့် ရုပ်သံမှတ်တမ်းအရ ဝမ်ရှင်းကျန်က ရေတံခွန်အောက်ခြေနားတွင် တွယ်တက်နေစဉ် ဟန်ချက်ပျက်ပြီး အားပြင်းသည့် ရေစီးအတွင်း မျောပါသွားကြောင်း တွေ့ရသည်။ အဆိုပါမတော်တဆမှုမှာ တိဘက်ဒေသမြောက်ပိုင်း လာရီကောင်တီတွင် ဖြစ်ပွားခဲ့ခြင်းဟု သတင်းများက ဖော်ပြသည်။ ကယ်ဆယ်ရေးသမားများက ယင်းကို ရှာဖွေနေသော်လည်း ဝမ်ရှင်းကျန်အနေဖြင့် ရေခဲပြင်အောက်သို့ မျောပါသွားခြင်းဖြစ်ဖွယ်ရှိ၍ အသက်ရှင်သန်နိုင်ခြေမရှိတော့ ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။                                                                        (KNT)






အခြားဆက်စပ်သတင်းများ