နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဆိပ်တွင် ယီမင်အစိုးရအဖွဲ့သစ် ဆင်းသက်မည့်အချိန်၌ တိုက်ခိုက်မှုဖြစ်ပွား၍ အနည်းဆုံး လူ ၁၃ ဦး သေဆုံး

ဆားနား   ဒီဇင်ဘာ ၃၁


ဆော်ဒီနိုင်ငံမှ ထွက်ခွာလာသည့် အစိုးရအဖွဲ့သစ်ရောက်ရှိလာချိန်တွင် ယီမင်နိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်သည့် အေဒင်မြို့ လေဆိပ်တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးသတင်း အရင်းအမြစ်များနှင့် ကျန်းမာရေးဝန်ထမ်းများက ပြောသည်။ အစိုးရအဖွဲ့ဝန်ကြီးများ လေယာဉ်ပေါ်မှ ဆင်းသက်ရန် ပြင်ဆင်နေချိန်တွင် အနည်းဆုံးပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးများ ဘေးကင်းခဲ့ကြောင်း ဝန်ကြီးချုပ် ဆာအိဒ်က ပြောသည်။ အဆိုပါလုပ်ရပ်မှာ ဟူသီ လက်နက်ကိုင်အဖွဲ့၏ သူရဲဘောကြောင်သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး အယ်အာယာနီက စွပ်စွဲခဲ့သည်။    

၂၀၁၅ ခုနှစ်တွင် ဆော်ဒီနိုင်ငံ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ဟူသီလက်နက်ကိုင်များကို ချေမှုန်းပြီး သမ္မတ မန်ဆော်ဟာဒီကို ပြန်လည်တင်မြှောက်ရန်အတွက် စစ်ရေးလှုပ်ရှားခဲ့ရာ အဆိုပါတိုက်ပွဲကြောင့် ယီမင်နိုင်ငံ အထိနာခဲ့ရသည်။ ၅ နှစ်ကျော် ကြာမြင့်လာသည့်တိုက်ပွဲကြောင့် လူ ၁၁၀၀၀၀ ကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အငတ်ဘေးဆိုက်မည့် အန္တရာယ်ရှိနေရာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာ ထောက်ထားမှု ကပ်ဘေးကြုံတွေ့ခဲ့သည်။ အဆိုပါအခြေအနေကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား ချိန်တွင် ယီမင်နိုင်ငံ ပိုမိုထိခိုက်ခံစားခဲ့ရသည်။                                                                                 (KNT)






အခြားဆက်စပ်သတင်းများ