နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုံမှန်ကာကွယ်ဆေး ထိုးနှံရေးဆောင်ရွက်

ရန်ကုန်   ဒီဇင်ဘာ    ၃၁


ကျွန်ုပ်တို့နိုင်ငံတွင် လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုအဖြစ် မွေးကင်းစအရွယ်ကလေးများမှစတင်၍ ကာကွယ်ဆေး ထိုးနှံခြင်းကို စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး(ပီစီဗီ)၊ ဂျပန်ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး(ရိုတာ)နှင့် သားအိမ်ခေါင်းကာကွယ်ဆေးများကိုပါ ထည့်သွင်းထိုးနှံ တိုက်ကျွေးဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ထိုးနှံပေးသည့် အိတ်ချ်ပီဗီ ကာကွယ်ဆေးသည် အိတ်ချ်ပီဗီဗိုင်းရပ်စ်ပိုး အမျိုးအစား ၄မျိုးကို ကာကွယ်ပေးနိုင်သော လေးမျိုးစပ်ကာကွယ်ဆေးဖြစ်သည့်အပြင် ဘေးထွက်ဆိုးကျိုးအလွန်နည်းပါး သည့် ကာကွယ်ဆေးဖြစ်ကြောင်း သက်ဆိုင်ရာကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားသည်။ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၏ အမျိုးသမီးများတွင် ဖြစ်ပွားသောကင်ဆာအမျိုးအစားအားလုံး ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အသက် ၁၅ နှစ်မှ ၄၉ နှစ်  အမျိုးသမီးများတွင် အများဆုံးဖြစ်ပွားကြောင်း ယခု အိတ်ချ်ပီဗီကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း၍ အသက်ကိုးနှစ်မှ ၁၀ နှစ်အရွယ်ရှိ မိန်းကလေးများ ကို ထိုးနှံပေးမည်ဖြစ်ရာ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း အိတ်ချ်ပီဗီပိုး စတင်ကူးစက်နိုင်သည့် အခွင့်အလမ်း မရှိမီအချိန်တွင် ကာကွယ်ဆေးထိုးပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်သော ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးလည်း ပါဝင်ရာ ဝက်သက်ရောဂါသည် နောက်ဆက်တွဲရောဂါဖြစ်တတ်သောကြောင့် ပြင်းထန်သောရောဂါဖြစ်သည်။ ဝက်သက်ပေါက်သေဆုံးမှုများတွင် နောက်ဆက်တွဲရောဂါကြောင့် အသက်ငါးနှစ်အောက်ကလေးများနှင့် အသက် ၂၀ အထက် လူကြီးများတွင် ပိုမိုဖြစ်နိုင်သည်။ နောက်ဆက်တွဲရောဂါများမှာ မျက်စိကွယ်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ အပြင်းအထန်ဝမ်းလျှော၍ အရည်ခန်းခြောက်ခြင်း၊ နားပြည်ယိုခြင်း၊ အသက်ရှူ လမ်းကြောင်းပိုးဝင်ခြင်းနှင့် အဆုတ်ရောင်ခြင်း (နမိုးနီးယား)ဖြစ်ပေါ်ပေသည်။ ဂျိုက်သိုးရောဂါသည် ဂျိုက်သိုး ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့ နိုင်သည်။ မွေးရာပါဂျိုက်သိုးရောဂါလက္ခဏာများမှာ ဆွံ့အခြင်း၊ မျက်စိမမြင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ မွေးရာပါ နှလုံးရောဂါ၊ အသည်းနှင့် ဘေလုံးကြီးခြင်းတို့ဖြစ်သည်။ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကာကွယ်ဆေးများထိုးနှံပေးမည်ဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိ အဖွဲ့အစည်းများ၊ မိဘပြည်သူများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ