နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေသန့်ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသားက အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာ

ဘေဂျင်း   ဒီဇင်ဘာ ၃၁


ကာကွယ်ဆေးကုမ္ပဏီနှင့် ရေသန့်ကုမ္ပဏီပိုင်ဆိုင်သည့် တရုတ်နိုင်ငံသားမှာ အာရှတိုက်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ကျုံးရှန်ရှန်၏ အသားတင်ချမ်းသာကြွယ်ဝမှုမှာ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော်မြင့်တက်လာခဲ့ရာ အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၈ ဘီလျံအထိ ရှိလာခဲ့ပြီး အိန္ဒိယနိုင်ငံသား မူကက်ရှ်အမ်ဘာနီ၊ တရုတ်နိုင်ငံသား ဂျက်မာတို့ကို ကျော်ဖြတ်၍ အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ကျုံးရှန်ရှန်မှာ ဘလွန်းဘတ်၏ ဘီလျံနာအညွှန်းကိန်းအရ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်းတွင် အဆင့် (၁၁) နေရာ ရပ်တည်လျက်ရှိသည်။ 

တစ်ကိုယ်တော်ဝံပုလွေဟု ချစ်စနိုးအမည်ရသည့် ကျုံးရှန်ရှန်မှာ ဆောက်လုပ်ရေး လုပ်ငန်းလုပ်သား၊ သတင်းထောက်၊ အဖျော်ယမကာရောင်းချခြင်း၊ မှိုစိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလတွင် ကျုံးရှန်ရှန် ပိုင်ဆိုင်သည့် ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Beijing Wantai Biological က ယင်းတို့၏ရှယ်ယာများကို တရုတ်နိုင်ငံ စတော့ရှယ်ယာဈေးကွက်တွင် ဈေးကွက်တင်ခဲ့သည်။

နောက် ၃ လအကြာတွင် ကျုံးရှန်ရှန်က ရေသန့်ကုမ္ပဏီ Nongfu Spring ၏ ရှယ်ယာများကိုလည်း ဟောင်ကောင်မြို့ စတော့ရှယ်ယာဈေးကွက်တွင် ဈေးကွက်တင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် Nongfu Spring ၏ ရှယ်ယာတန်ဖိုးမှာ ၁၅၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ ကျုံးရှန်ရှန်မှာလည်း အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Beijing Wantai Biological ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာလည်း ၂၀၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။                     


(KNT)






အခြားဆက်စပ်သတင်းများ