နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်ဝေနိုင်ငံတွင် မြေပြိုမှုကြောင့် လူ ၂၁ ဦး ပျောက်ဆုံး

အော်စလို   ဒီဇင်ဘာ ၃၁


နော်ဝေနိုင်ငံမြို့တော် အော်စလိုမြို့ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာရှိ ရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွား ခဲ့ခြင်းကြောင့် လူ ၂၁ ဦး ပျောက်ဆုံးနေပြီး လူ ၁၀ ဦး ဒဏ်ရာရခဲ့သည်။ မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရွှံများက နေအိမ်များအပေါ် ဖုံးလွှမ်းသွားခဲ့ပြီး နောက်ထပ်မြေပြိုမှုများ ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်ခြင်းကြောင့် လူ ၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ 

မြေပြိုကျပြီးနောက် အဆောက်အအုံများအတွင်း ပိတ်မိနေသူအချို့က ဆွေမျိုးသားချင်းများကို ဖုန်းဆက် အကူအညီတောင်းခံခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ဒဏ်ရာရသူများအနက် ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ကျန်ကိုးဦး၏ ဒဏ်ရာမှာ စိုးရိမ်စရာမရှိဟု ဆိုသည်။                                                   


(KNT)






အခြားဆက်စပ်သတင်းများ