နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်ကယ် ကယ်ရီငှားစီးပြီး လမ်းတွင်ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူ

သံဖြူဇရပ် မေ ၇

 မေ ၆ ရက်၊ နံနက် ၆ နာရီခွဲအချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ ချစ်မင်းကို(၃၀)နှစ်သည် ကျေးရွာဈေးအတွင်း၌ ရှိနေစဉ် ဖျာပုံမြို့နယ်၊ အောင်လှိုင်ကျေးရွာနေ ရဲထက်ဝေ(ခ)ပုကွ(၂၄)နှစ်နှင့် ကျိုက်ထိုမြို့၊ တောလေးရပ်ကွက်နေ ထက်မြတ်(ခ)ထက်မြတ်အောင်(၂၈)နှစ်တို့ ၂ ဦးမှ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာသို့ ပို့ဆောင်ပေးရန် ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာ၊ ကံကောင်းခြင်းရတနာ အထပ်သားစက်ရုံအနီးအရောက်၌ ဆိုင်ကယ်အားရပ်တန့်ခိုင်းပြီး ထက်မြတ်(ခ)ထက်မြတ်အောင်မှ အသင့်ပါလာသော အရိုး/အသွား ၈ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးသောကြောင့် ချစ်မင်းကိုတွင် ယာနံစောင်းအောက် ပွန်းခြစ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆိုင်ကယ်အား လုယူမောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒက်ကျေးရွာ ရာဘာခြံအနီး၌ ရဲထက်ဝေ(ခ)ပုကွနှင့် ထက်မြတ်(ခ)ထက်မြတ်အောင်တို့ ၂ ဦးအား လုယူခဲ့သော ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရဲထက်ဝေ(ခ)ပုကွနှင့် ထက်မြတ်(ခ)ထက်မြတ်အောင်တို့ ၂ ဦး (ဖမ်းမိ)အား သံဖြူဇရပ်မြို့မရဲစခန်း၊ (ပ)၄၇၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂(နာကျင်စေရန် ပြင်ဆင်၍ ခိုးမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ