နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ်စီးလာသူ အမျိုးသမီးတစ်ဦးထံမှ နောက်မှဆိုင်ကယ်ဖြင့်လိုက်၍ ဆွဲကြိုးဖြတ်လု

ချမ်းမြသာစည် မေ ၇

 မေ ၆ ရက်၊ နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃) ရပ်ကွက်နေ မယဉ်ယဉ်အေး(၂၅)နှစ်သည် မြနန္ဒာဈေးမှ နေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ၆၄/၆၅ လမ်းကြားအရောက်၌ ပုသိမ်ကြီးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေ ကောင်းထက်ကျော်(ခ) တောဂေါ်လီ(၂၁)နှစ်မောင်းနှင်ပြီး ပုသိမ်ကြီးမြို့နယ်၊ ကံသစ်ကုန်းကျေးရွာနေ ချစ်သဲမောင်(၂၀)နှစ် နောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်မှာ နောက်မှ လိုက်လာပြီး ယင်း၏ လည်ပင်းတွင်ဆွဲထားသော ဆွဲကြိုးတစ်ကုံးအား လုယူထွက်ပြေးသွားပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ခိုင်ရွှေဝါလမ်းထိပ်၌ ကောင်းထက်ကျော်(ခ)တောဂေါ်လီ နှင့် ချစ်သဲမောင်တို့ ၂ ဦးအား ၎င်းတို့ လုယူသွားသော ရွှေဆွဲကြိုး ၁ ကုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ကောင်းထက်ကျော်(ခ)တောဂေါ်လီနှင့် ချစ်သဲမောင်တို့ ၂ ဦး(ဖမ်းမိ)အား ချမ်းမြသာစည်မြို့နယ်၊ အမှတ်-၁၁ နယ်မြေရဲစခန်း၊ (ပ)၁၅၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ (နာကျင်စေရန် ပြင်ဆင်၍ ခိုးမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ