တာချီလိတ် မေ ၇
မေ ၆ ရက်၊ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အနီး မြို့ရှောင်လမ်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆန်ဆိုင်း(ခ)ရပ်ကွက်မှ ဆန်ဆိုင်း(က)ရပ်ကွက်ဘက်သို့ အားကာ(၁၉)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၂၀၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့သဖြင့် နေ့လယ် ၃ နာရီခွဲအချိန်တွင် အားကာ (၁၉)နှစ်(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မေ ၆ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ရေးကျေးရွာအနီး ဘားအံ-ဇာသပြင် ကားလမ်း မိုင်တိုင်(၁၃/၃)၌ ဘားအံခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့ဘက်မှ ဇာသပြင်ကျေးရွာဘက်သို့ မင်းကျော်သိန်း(၄၉)နှစ်မောင်းနှင်လာသည့် Canter ၆ ဘီးယာဉ်(လိုင်စင်-စိစစ်ဆဲ)အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံနှင့် ယာဉ်အောက်ပိုင်းရှိ သံပိုက်အတွင်းတို့မှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၆၀၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် မင်းကျော်သိန်း(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မေ ၆ ရက်၊ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပက်တလယ်ကျေးရွာအနီး ပင်လောင်း-အောင်ပန်းကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့ဘက်မှ အောင်ပန်းမြို့ဘက်သို့ ထင်ပေါ်(ခ)ဇောတိက(၃၈)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ကျော်လှိုင်(၄၆)နှစ်မောင်းနှင်လာသော ဆိုင်ကယ် ၂ စီးတို့အား ရပ်တန့်စစ်ဆေးရာ ထင်ပေါ်(ခ)ဇောတိက၏ ဆိုင်ကယ်ခွကြားရှိ ကျောပိုးအိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုနှင့် ဘိန်းဆီခဲ ၄ ဒသမ ၅ ကီလိုတို့အား သိမ်းဆည်းရမိသဖြင့် ည ၈ နာရီခွဲအချိန်တွင် ထင်ပေါ်(ခ)ဇောတိကနှင့် ကျော်လှိုင်တို့ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး