နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီမြို့၌ လောင်းကစားဂိမ်းစက်များ သိမ်းဆည်းရမိ

မြဝတီ မေ ၇


မေ ၆ ရက်၊ နံနက် ၂ နာရီခွဲအချိန် ကရင်ပြည်နယ်၊ မြဝတီမြို့၊ (၄)ရပ်ကွက်၌ ငါးဂိမ်းလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မြဝတီခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေး ခဲ့ရာ အဆိုပါခြံဝင်းအတွင်းရှိ နေအိမ်အတွင်း၌ ငါးဂိမ်းလောင်းကစားပြုလုပ်နေသူ ခွန်ဝေမျိုးထက်(ခ)မျိုးထက်(၄၄)နှစ်ပါ ၁၀ ဦး (ကျား ၉၊ မ ၁)တို့အား ငါးဂိမ်းလောင်းကစားစက် ၆ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်မန်နေဂျာ ကိုစိုင်းနှင့် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁ ဦးတို့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် ခွန်ဝေမျိုးထက်(ခ)မျိုးထက်ပါ ၁၀ ဦး (ကျား ၉၊ မ ၁)(ဖမ်းမိ)နှင့် ကိုစိုင်းပါ ၂ ဦး(ကျား ၁၊ မ ၁)(ဖမ်းမမိ)တို့အား မြဝတီမြို့မရဲစခန်း၊ (ပ)၃၇၁/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ