နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ပထမဆုံး ကူးစက်ခံရသူတစ်ဦး တွေ့ရှိ

ဝါရှင်တန်  ဒီဇင်ဘာ ၃၀


ဗြိတိန်နိုင်ငံတွင် ခွဲခြားဖော်ထုတ်နိုင်ခဲ့သည့် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ပထမဆုံး ကူးစက်ခံရသည့် အမေရိကန်နိုင်ငံသားတစ်ဦးကို ကော်လိုရာဒိုပြည်နယ်တွင် တွေ့ရှိခဲ့သည်။ အသက် ၂၀ ဝန်းကျင်ရှိသည့် အဆိုပါ အမျိုးသားမှာ မကြာသေးမီက ခရီးသွားရာဇဝင်မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် သီးသန့်ခွဲခြားနေထိုင်ရလျက် ရှိသည်။


အဆိုပါအမျိုးသားနှင့် ထိတွေ့သူများ၊ မျိုးဗီဇသစ် ကူးစက်ခံရနိုင်ခြေရှိသူများကို ခွဲခြားဖော်ထုတ်နိုင်ရန် လုပ်ဆောင်နေသည်ဟု ပြည်နယ်ကျန်းမာရေးအရာရှိများက ပြောသည်။ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ကာကွယ်ဆေး ဖြန့်ဖြူးမှု များကို ဝေဖန်နေချိန်တွင် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေး ဖြန့်ဖြူးရေးစီမံကိန်းမှာ သတ်မှတ်ချိန်ထက် နောက်ကျနေသည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉ သန်းကျော်ရှိပြီး သေဆုံးသူ ၃၃၇၀၀၀ ရှိနေသည်။


မျိုးဗီဇသစ်မှာ မျိုးဗီဇဟောင်းထက် ကူးစက်မြန်သော်လည်း အန္တရာယ်ပိုများခြင်းမရှိဟု ကျွမ်းကျင် ပညာရှင်များက ပြောသည်။ အမေရိကန်နိုင်ငံအတွင်း ကူးစက်မြန် မျိုးဗီဇသစ်ကူးစက်ပျံ့နှံ့နေပြီဟု ယုံကြည် ထားကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက အမေရိကန်ကျန်းမာရေးအရာရှိများက ပြောခဲ့သည်။ ကူးစက်မြန်မျိုးဗီဇသစ်မှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိပြီး ကနေဒါ၊ အိန္ဒိယနိုင်ငံတွင် လည်း မျိုးဗီဇသစ်ကူးစက်ခံရသူများ တွေ့ရှိခဲ့သည်။                                                                            


(KNT)






အခြားဆက်စပ်သတင်းများ