နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူပမာဏမှာ တရားဝင်ကိန်းဂဏန်းထက် ၃ ဆကျော် ပိုများဟု ဆို

မော်စကို  ဒီဇင်ဘာ ၃၀


ယခုနှစ်အတွင်း ရုရှားနိုင်ငံတွင် ပုံမှန်မဟုတ်သည့် သေဆုံးသူ ၈၀ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါနှင့်ဆက်နွှယ်နေသည်ဟု ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောသည်။ အဆိုပါပြောကြားချက်အရ ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ တရားဝင်ထုတ်ပြန်ထားသည်ထက် ၃ဆ ပိုများသည်ဟု ယူဆနိုင်စရာ ဖြစ်သည်။


ယမန်နှစ်များ၏ အလားတူအချိန်ကာလအတွင်း ပျမ်းမျှသေဆုံးသူပမာဏထက် ကျော်လွန်သည့် သေဆုံးသူများကို ပုံမှန်မဟုတ်သည့် သေဆုံးသူများဟု သတ်မှတ်ခြင်းဖြစ်သည်။ တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၅၈၂၇ ဦး ရှိသည်ဟု ဖော်ပြထားသည်။ သို့သော် ပုံမှန်မဟုတ်သည့် သေဆုံးသူပမာဏ၏ ၈၀ ရာခိုင်နှုန်းအချိုးအစားဖြင့် တွက်ချက်ပါက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၈၆၀၀၀ အထိရှိမည်ဟု ဒုတိယဝန်ကြီးချုပ်က ပြောသည်။


ကမ္ဘာ့နိုင်ငံအသီးသီးက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို တွက်ချက်ရာတွင် နည်းလမ်းအမျိုးမျိုးအသုံးပြုလေ့ရှိ၍ နိုင်ငံအသီးသီးကို နှိုင်းယှဉ်မှုလုပ်ရန် ခက်ခဲသည်။သေမှုသေခင်းစစ်ဆေးချက်အရ သေဆုံးရသည့် အဓိကအကြောင်းရင်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့်ဟု သတ်မှတ်မှသာ ကိုဗစ်-၁၉ ကြောင့် တရားဝင် သေဆုံးသူစာရင်းတွင် ထည့်သွင်းသည့်နည်းလမ်းကြောင့် ရုရှားနိုင်ငံအနေဖြင့် ဝေဖန်မှုများရင်ဆိုင်နေရသည်။


အဆိုပါနည်းလမ်းအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ သော်လည်း အခြားရောဂါကြောင့် သေဆုံးသူများကို ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစာရင်းတွင် ထည့်သွင်းခြင်းမရှိပေ။ ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ ပြောကြားချက်ကိုသာ အတည်ပြုနိုင်မည်ဆိုပါက ရုရှားနိုင်ငံမှာ အမေရိကန်၊ ဘရာဇီးနိုင်ငံများပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာမည်။ ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃ ဒသမ ၁ သန်းကျော် ရှိနေ သည်။                                                                                                                                         


(KNT)






အခြားဆက်စပ်သတင်းများ