နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားစရာသေနတ် ကိုင်ထားသည့် လူမည်းကလေးငယ် သေဆုံးမှုအတွက် လူဖြူရဲအရာရှိနှစ်ဦးကို စွဲချက်တင်မည် မဟုတ်

ဝါရှင်တန်  ဒီဇင်ဘာ ၃၀


၂၀၁၄ ခုနှစ်က ကစားစရာသေနတ် ကိုင်ဆောင်ထားသည့် အသက် ၁၂ နှစ်အရွယ် လူမည်းကလေးငယ် အသက်ဆုံးရှုံးစေခဲ့သည့် ပစ်ခတ်မှုအတွက် လူဖြူရဲအရာရှိနှစ်ဦးကို စွဲချက်တင်မည်မဟုတ်ကြောင်း အမေရိကန် နိုင်ငံ တရားရေးဝန်ကြီးဌာနက ပြောသည်။ အိုဟိုင်းအိုးပြည်နယ်၊ ကလိဗ်လန်းမြို့တွင် နေထိုင်သည့် ကလေးငယ် တာမာရိုက်စ် သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာနက ပြောသည်။


အဆိုပါပစ်ခတ်မှုမှာ Black Lives Matter လှုပ်ရှားမှုဖြစ်ပေါ်စေခဲ့သည့် လူသိများထင်ရှားသော အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ၅ နှစ်ကတည်းက လူဖြူရဲအရာရှိများကို စွဲချက်တင်ရန် ဂျူရီအဖွဲ့က ပယ်ချခဲ့သည်။ အစိုးရရှေ့နေများက  ပြည်ထောင်စု ပြစ်မှုဆိုင်ရာ စွဲချက်များကို အထောက်အကူ ဖြစ်စေသည့် သက်သေအထောက်အထား ခိုင်လုံစွာမတွေ့ရှိခဲ့ကြောင်း ပြီးခဲ့သည့်အင်္ဂါနေ့တွင် တရားရေး ဝန်ကြီးဌာနက ပြောသည်။


အရာရှိနှစ်ဦးလုံးက ရည်ရွယ်ချက်ရှိရှိ ဥပဒေချိုးဖောက်သည်ဆိုသည့် သံသယကို သက်သေပြနိုင်ခြင်းမရှိကြောင်း တရားရေးဝန်ကြီးဌာနက ပြောသည်။                                                   


(KNT)






အခြားဆက်စပ်သတင်းများ