ဟောင်ကောင် ဒီဇင်ဘာ ၃၀
စပိဒ်ဘုတ်စီးပြီး တရုတ် (တိုင်ပေ)သို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရသည့် ဟောင်ကောင်မြို့မှ တက်ကြွလှုပ်ရှားသူ ၁၀ ဦးကို တရုတ်နိုင်ငံက ထောင်ဒဏ် ၇ လမှ ၃ နှစ်ကြား ချမှတ်ခဲ့သည်။ Hong Kong 12 ဟု ခေါ်ဝေါ်ကြသည့် လူ ၁၂ ဦးပါအဖွဲ့တွင် အသက်မပြည့်သေးသူနှစ်ဦး ( အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ်ရှိသူများ) ကို ဟောင်ကောင်မြို့ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြီးခဲ့သည့်ဇွန်လတွင် တရုတ်အစိုးရက အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းခဲ့ပြီးနောက် တက်ကြွလှုပ်ရှားသူများက ဟောင်ကောင်မြို့မှ ထွက်ပြေးရန် ထူးထူးခြားခြား ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ယင်းတို့မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု စီစဉ်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
တန်ခိုင်ယင်နှင့် ကွင်းမွန်းတို့မှာ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်ဆောင်ရွက်မှုအတွက် ထောင်ဒဏ် ၃ နှစ်နှင့် ၂ နှစ်စီချမှတ်ခဲ့ကြောင်း တရားရုံး၏မှတ်တမ်းတွင် ရေးသားထားသည်။ ကျန်ရှိသည့် တက်ကြွ လှုပ်ရှားသူ ၈ ဦးမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအတွက် ထောင်ဒဏ် ၇ လစီ ချမှတ်ခံခဲ့ရသည်။ ဟောင်ကောင်မြို့တွင် လွတ်လပ်ခွင့်များထိခိုက်လာမှုကြောင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် Hong Kong 12 ဖြစ်ရပ်မှာ ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုခံခဲ့ရသည်။
(KNT)