နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုးပမ်းဆောင်ရွက်တိုးတက်စေချင်

ရန်ကုန်   ဒီဇင်ဘာ    ၃၀

ကမ္ဘာတစ်ဝန်းတိုးတက်လျက်ရှိသည့် သိပ္ပံနှင့် နည်းပညာများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှု နည်းပညာများ၏ အပြန်အလှန်အထောက်အကူပြုတိုးတက်လာနေမှုကြောင့် နိုင်ငံအသီးသီး၏ လူမှုစီးပွားရေး ဘဝပြောင်းလဲတိုးတက်လာသည်။ နိုင်ငံစီးပွားတိုးတက်ရေးအတွက် သဘာဝသယံဇာတထက် ပို၍အရေးကြီး သည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်ရန် ယနေ့လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်တည်ဆောက်ပေးရန်ဖြစ်သည်။

လူငယ်တို့အတတ်ပညာ၊ နည်းပညာ၊ အသိပညာတို့ကို အခြေခံမှစ၍ ကျွမ်းဝင်နားလည်ကာ အရည်အသွေးမြင့်မားရန်၊ ရင့်ကျက်လာရန်၊ အမြော်အမြင်နှင့် ဆင်ခြင်တုံ တရားကြီးမားစေရန် ပြုစုပျိုးထောင်ရန် လိုအပ်သည်။ လူငယ်တို့၏ ကိုယ်ကျင့်၊ အားမာန်၊ တက်ကြွမှုတန်ဖိုး ကား ကြီးမားသည်။ လူတိုင်းက အလေးထားသည်။ လူသားအရင်းအနှီးသည် တိုင်းပြည်ဖွံ့ဖြိုးမှု၏ သော့ချက် ဖြစ်ပေရာ အရည်အသွေးပြည့်ဝသော လူသားများမွေးထုတ်နိုင်ရန် အရေးကြီးလှပေသည်။ လူငယ်တို့ကသာ ယနေ့လူ့လောကကြီး၏ ရေရှည်တည်တံ့တိုးတက်ဖွံ့ဖြိုးမှုကို တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြရာ ပညာရေးအခန်းကဏ္ဍသည် ပဓာနကျလှပေရာ ပညာအရည်အသွေး အဆင့်မြင့်ရန် အမြဲမပြတ်ဆောင်ရွက်ရန် လိုအပ်သည်။ အပြောင်းအလဲ အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုအခက်အခဲများလည်း တွဲလျက်ပါဝင်လာ သည်။

ယနေ့အချိန်အခါတွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တခြားတိုးတက်ပြောင်းလဲလာလျက်ရှိရာ တိုးတက်မှုကို အမီလိုက်နိုင်ရန် ပညာရေးအဆင့်မြင့်မားရေးအတွက် ယနေ့လူငယ်လူရွယ်များသည် သာမန် တတ်မြောက်သည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ ထူးချွန်ထက်မြက်ရန် အစဉ်ကြိုးပမ်းအားထုတ်ရပေမည်။ ကျွမ်းကျင်ပညာရှင်၊ အတတ်ပညာရှင်တို့သည်လည်း ခေတ်နှင့်အညီ ပြောင်းလဲလာသော နည်းပညာသစ်များ၊ ခေတ်မီအတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စွမ်းဆောင်ရေးသည် အရေးပါပေသည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါများသည့်နိုင်ငံဖြစ်ပေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့ရန် နိုင်ငံသား များ၏ စွမ်းအင်အရင်းအမြစ်များကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန်လိုအပ်သည်။ လူသားစွမ်းရည်ပြည့်ဝ သည့် လူမျိုးဖြစ်ရန် ယနေ့လူငယ်လူရွယ်များဘဝမြှင့်တင်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းအားထုတ်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ