နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ အဓွန့်ရှည်တည်တံ့ရေး

ရန်ကုန်   ဒီဇင်ဘာ    ၂၉

လူတိုင်းသက်တမ်းစေ့ အသက်ရှင်နေနိုင်ရေးနှင့် ရောဂါဘယကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း နှင့် ထိရောက်သော ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရပေသည်။

ထိရောက်သောကုသမှုတွင် ခေတ်မီဆေးပညာ ရပ်များအပြင် မြန်မာ့တိုင်းရင်းဆေးပညာလည်းအပါအဝင်ဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင် မြန်မာ့ယဉ်ကျေးမှုရိုးရာအမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများ ထုံမွမ်း လျက် တည်တံ့နေခဲ့သော ထီးနန်းသုံးတော်ဝင်ဆေးပညာလည်းဖြစ်သည်။ ယနေ့အချိန်အခါတွင် မြို့ပြ၊ ကျေးလက်ဒေသနေပြည်သူများသည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါးများကို အားကိုး ယုံကြည်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်းပါးသော အစွန်အဖျား ဒေသများအထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။

ရှေးမြန်မာတိုင်းရင်းသမားတော်များ ခေတ်အဆက်ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသမှုနည်းများ၊ ခေတ်မီကုသမှုနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျသုတေသန ဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။ နာတာရှည်ရောဂါများဖြစ် သော ဆီးချို၊ သွေးတိုး၊ နှလုံးလေငန်း၊ အသည်းရောဂါရှင်များသည် တိုင်းရင်းဆေးများကို အားကိုးတကြီးဖြင့် ကုသမှုခံယူပြီး အမြစ်ပြတ်ပျောက်ကင်းသည်ဟု ယုံကြည်စွဲလမ်းကြသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ အား ဘေးကင်းစိတ်ချရသော အရည်အသွေးပြည့်တိုင်းရင်းဆေးဖြင့်ကုသဝန်ဆောင်မှုပေးနိုင်ရန်အတွက် သုတေသနကို မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ နေပြည်တော်တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံးတွင် ဒီဇင်ဘာ ၂၇ ရက်က Virtual Meeting ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

မြန်မာနိုင်ငံအတွင်း သဘာဝအလျောက်ပေါများစွာဖြစ်ထွန်းနေသည့် သဘာဝသယံဇာတအရင်းအမြစ် များဖြစ်သည့် အဖိုးတန်ပရဆေးပင်များ ရေထွက်၊ မြေထွက်နှင့် တိရစ္ဆာန်ထွက်ဆေးဖက်ဝင်ပစ္စည်းများကို ပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိသည်။ ယင်းသဘာဝအရင်းအမြစ်များ ရှားပါးမှုမှ ကာကွယ်ရန်၊ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် အမျိုးသားပရဆေးဥယျာဉ်များတွင် ဆေးဖက်ဝင် ပရဆေးပင်များ၊ ရောဂါအလိုက် အသုံးဝင်သော ဆေးပင်များ၊ ပရဆေးပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းထားလျက် ရှိသည်။ မြန်မာ့တိုင်းရင်းဆေးပညာအဓွန့်ရှည်တည်တံ့ရေးတွင် ပိုမိုယုံကြည်စွာအသုံးပြုနိုင်ပြီး သတ်မှတ် အရည်အသွေးပြည့်မီသော နိုင်ငံတကာအဆင့်မီတိုင်းရင်းဆေးဝါးများ တိုးတက်ထုတ်လုပ်သုံးစွဲစေချင် ကြောင်း။






အခြားဆက်စပ်သတင်းများ