နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားလွှတ်တော်က လွှတ်တော်သက်တမ်း တိုးမြှင့်မည့်လှုပ်ရှားမှုမှာ အခြေခံဥပဒေနှင့်မညီဟု ဗင်နီဇွဲလားသမ္မတ ဆို

ကရာကက်စ်  ဒီဇင်ဘာ ၂၉


အတိုက်အခံပါတီ ထိန်းချုပ်ထားသည့် အမျိုးသားလွှတ်တော်က လွှတ်တော်သက်တမ်းကို လာမည့်နှစ် အထိတိုးမြှင့်ရန်လှုပ်ရှားမှုမှာ အခြေခံဥပဒေနှင့်မညီကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုက ပြောခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ၏ တရားရေးစနစ်အနေဖြင့် လုပ်စရာရှိသည့်အလုပ်လုပ်ရန် တိုက်တွန်းခဲ့သည်။


အာဏာရဆိုရှယ်လစ်ပါတီ၏ မဟာမိတ်များ အပြတ်အသတ်အနိုင်ရခဲ့သည့် ဒီဇင်ဘာလ ၆ ရက် လွှတ်တော် ရွေးကောက်ပွဲများမှာ တရားမဝင်ကြောင်း  အတိုက်အခံခေါင်းဆောင် ဟွမ်ဂွာအီဒို ဦးဆောင်သည့် အမျိုးသားလွှတ်တော်ကကြေညာခဲ့ပြီး အမျိုးသားလွှတ်တော်သက်တမ်းကို တိုးမြှင့်ရန်အတွက် ပြီးခဲ့သည့် အားလပ်ရက်က မဲပေးခဲ့သည်။


ဒီဇင်ဘာလ ၆ ရက်က ကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲများမှာ သန့်ရှင်းမျှတခြင်းမရှိဟုဆိုကာ ဗင်နီဇွဲလားနိုင်ငံ၏ အဓိကအတိုက်အခံပါတီများက သပိတ်မှောက်ခဲ့သည်။ ဟွမ်ဂွာအီဒိုက သမ္မတ မာဒူရိုကို အကျင့်ပျက်ခြစားသည့် အာဏာရှင်ဟု သမုတ်ထားပြီး မာဒူရိုကလည်း ဟွမ်ဂွာအီဒိုကို အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အမေရိကန်ရုပ်သေးရုပ်ဟု စွပ်စွဲခဲ့သည်။                                                             


(KNT)






အခြားဆက်စပ်သတင်းများ