နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် အမေရိကန်လုံခြုံရေးအေဂျင်စီများ အကြီးအကျယ် ထိခိုက်ခဲ့သည်ဟု ဂျိုးဘိုင်ဒင် ပြော

ဝါရှင်တန်  ဒီဇင်ဘာ ၂၉


သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံလုံခြုံရေးအတွက် အရေးကြီးသည့် အေဂျင်စီများ အကြီးအကျယ် ထိခိုက်ခဲ့သည်ဟု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ အာဏာလွှဲပြောင်းရန် ဆောင်ရွက်နေချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် လုံခြုံရေးဌာန များထံမှ လိုအပ်သည့် သတင်းအချက်အလက် မရရှိခဲ့ကြောင်း ဂျိုးဘိုင်ဒင်က ဆိုသည်။


အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ အရာရှိများ၏ အကျဉ်းချုံးတင်ပြချက်များကို နားထောင်ခဲ့ပြီး နောက် ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ပြောခဲ့သည်။ ဂျိုးဘိုင်ဒင်မှာ ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမည်ဖြစ်သော်လည်း ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်နေဆဲဖြစ်သည်။


နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်များစွာကြာသည်အထိ ဂျိုးဘိုင်ဒင်က အာဏာလွှဲပြောင်းရေးပုံမှန်လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည့် အရေးကြီး ထောက်လှမ်းရေးအစီရင်ခံချက်များ မရရှိခဲ့ပေ။ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ပြောခဲ့ပြီးနောက် ယာယီကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာမီလာက အရာရှိများအနေဖြင့် အာဏာလွှဲပြောင်းရေးကို ထောက်ပံ့ကူညီပေးရန် ပရော်ဖက်ရှင်နယ် အပီသဆုံး ဆောင်ရွက်နေသည်ဟု ဆိုသည်။


''ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိ ၄၀၀ ကျော်နဲ့ အင်တာဗျူး ၁၆၄ ကြိမ်လုပ်ပြီး စာမျက်နှာ ၅၀၀၀ ကျော် ပါဝင်တဲ့ စာရွက်စာတမ်းတွေ ပေးအပ်ခဲ့ပါတယ်။ ဒါဟာ ဂျိုးဘိုင်ဒင်ရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့ ကနဦး တောင်းဆိုထားတာထက် အများကြီး ပိုများပါတယ်'' ဟု ခရစ္စတိုဖာမီလာက ပြောသည်။


''ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့ အေဂျင်စီ တော်တော်များများ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အေဂျင်စီတော်တော်များများက လူအင်အား၊ လုပ်နိုင်စွမ်းနဲ့ ကျင့်ဝတ်ဆိုင်ရာ အနှစ်သာရမရှိတော့ပါဘူး။ မူဝါဒလုပ်ငန်းစဉ်တွေကို အရွယ်အစားလျှော့ချပြီး ဘေးချိတ်ခံထားရပါတယ်''ဟု ဂျိုးဘိုင်ဒင်က ပြောသည်။                                                                                                          


(KNT)






အခြားဆက်စပ်သတင်းများ