နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံရသူ ၆ ဦး တွေ့ရှိ

နယူးဒေလီ  ဒီဇင်ဘာ ၂၉


ဗြိတိန်နိုင်ငံတွင် ခွဲခြားဖော်ထုတ်နိုင်ခဲ့သည့် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံရသူ ၆ ဦးကို အိန္ဒိယနိုင်ငံတွင် တွေ့ရှိခဲ့သည်။ ဗြိတိန်နိုင်ငံမှ ပြန်လာသူ ခြောက်ဦးကို သီးသန့်ခွဲခြားထားကြောင်း အိန္ဒိယ နိုင်ငံ အရာရှိများက ပြောသည်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့သည့်ရက်သတ္တပတ်က ဗြိတိန်နိုင်ငံသို့ လေကြောင်းခရီးစဉ် ပြေးဆွဲမှုများ ဆိုင်းငံ့ခဲ့သည်။


ကိုဗစ်-၁၉ မျိုးဗီဇသစ်မှာ ယခင်မျိုးဗီဇထက် ကူးစက်နှုန်းမြန်သော်လည်း အန္တရာယ်ပိုများခြင်းမရှိဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ အိန္ဒိယနိုင်ငံမှာ အမေရိကန်နိုင်ငံပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိသည်။ မျိုးဗီဇသစ်ကြောင့် ကသောင်းကနင်းဖြစ်စေနိုင်ပြီး အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးစနစ်ကို ထိန်းမနိုင်၊ သိမ်းမရ ဖြစ်စေနိုင်ကြောင်း ကိုဗစ်-၁၉ ရောဂါသည် ရာပေါင်းများစွာကို ကုသပေးနေသည့် ပညာရှင် ဒေါက်တာအေဖာသာဟူဒင်က ပြောသည်။


ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံထားရသူ ၆ ဦးနှင့် ထိတွေ့မှုရှိသူများ၊ ယင်းတို့၏ မိသားစုဝင်များကို ခြေရာခံရှာဖွေလျက်ရှိကြောင်း အိန္ဒိယအရာရှိများက ပြောသည်။ ဗြိတိန်နိုင်ငံမှ ရောက်ရှိလာသည့် ခရီးသည် များအနေဖြင့် အိန္ဒိယလေဆိပ်အားလုံးတွင် RT-PCR စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက မျိုးဗီဇသစ် ဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် ပိုးနမူနာများကို အစိုးရ၏ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်                   စစ်ဆေးမည်ဖြစ်သည်။                   

                                                                                              

(KNT)






အခြားဆက်စပ်သတင်းများ