နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးများ ကားမောင်းခွင့်ရရန် လှုပ်ရှားခဲ့သည့် ဆော်ဒီတက်ကြွလှုပ်ရှားသူ ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံရ

ရီယာ့ဒ်   ဒီဇင်ဘာ ၂၉


အမျိုးသမီးများ ကားမောင်းခွင့်ရရန် လှုပ်ရှားခဲ့သည့် နာမည်ကျော် ဆော်ဒီအမျိုးသမီး တက်ကြွလှုပ်ရှား သူမှာ ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံခဲ့ရသည်။ အသက် ၃၁ နှစ်ရှိသည့် အယ်ဟာသလူးမှာ ဆော်ဒီနိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တွင် ၂ နှစ်ခွဲကြာ အကျဉ်းကျခံနေရသူဖြစ်သည်။


အယ်ဟာသလူးနှင့် အခြားတက်ကြွလှုပ်ရှားသူများမှာ ဆော်ဒီနိုင်ငံကို ရန်လိုသည့် အဖွဲ့အစည်းများနှင့် အဆက်အသွယ်လုပ်မှုအပါအဝင် စွဲချက်အများအပြားဖြင့် ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ယင်းကို ပြန်လွှတ်ပေးရန် ထပ်ဖန်တလဲလဲ တိုက်တွန်းခဲ့သည်။


သို့သော် ပြီးခဲ့သည့်တနင်္လာနေ့တွင် အကြမ်းဖက်မှုများကို ရုံးတင်စစ်ဆေးရန် ဖွဲ့စည်းထားသည့် ဆော်ဒီနိုင်ငံ အထူးရာဇဝတ်တရားရုံးက အမျိုးသားလုံခြုံရေးကို ထိခိုက်အောင် ကြိုးပမ်းမှု၊ ပြည်ပနိုင်ငံ၏ လုပ်ငန်းအစီအစဉ်ကို အသားပေးဆောင်ရွက်မှုစသည့် စွဲချက်များဖြင့် အယ်ဟာသလူးကို စီရင်ချက်ချမှတ်ခဲ့ သည်။


အထူးရာဇဝတ်တရားရုံးက ထောင်ဒဏ် ၅ နှစ်၊ ၈ လချမှတ်ခဲ့သော်လည်း ထောင်ဒဏ် ၂ နှစ်၊ ၁၀ လကို ဆိုင်းငံ့ထားသည်ဟု ဆိုသည်။ အယ်ဟာသလူးနှင့် ယင်း၏မိသားစုက စွဲချက်အားလုံးကို ငြင်းဆန်ခဲ့သည်။ အယ်ဟာသလူးအနေဖြင့် ထောင်ထဲတွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟု မိသားစုကဆိုသော်လည်းတရားရုံးက အဆိုပါစွဲချက်ကို ပယ်ချခဲ့သည်။                                                                                                    


(KNT)






အခြားဆက်စပ်သတင်းများ