နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ကုမ္ပဏီနှင့် တိုကျိုတက္ကသိုလ်က သစ်သားဂြိုဟ်တု ဖန်တီးရန် ပူးပေါင်းဆောင်ရွက်နေ

တိုကျို  ဒီဇင်ဘာ ၂၉


၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုများ ဖန်တီးနိုင်ရန်အတွက် ဂျပန်ကုမ္ပဏီတစ်ခုနှင့် တိုကျိုတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သစ်ပင်များ၏ ကြီးထွားဖွံ့ဖြိုးမှု၊ အာကာသအတွင်း သစ်သားပစ္စည်းများ အသုံးပြုမှုနှင့်ပတ်သက်၍ သုတေသနစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Sumitomo Forestry ကုမ္ပဏီက ပြောသည်။


ကမ္ဘာမြေပေါ်ရှိ ရာသီဥတုကြမ်းတမ်းသည့်နေရာများတွင် သစ်သားအမျိုးအစားအမျိုးမျိုးကို စမ်းသပ်သွားမည်ဖြစ်သည်။ ကမ္ဘာပတ်လမ်းအတွင်းသို့ ဂြိုဟ်တု အများအပြားလွှတ်တင်လျက်ရှိရာ အာကာသအတွင်း အမှိုက်များပြားလာခြင်းမှာ ကြီးထွားသည့်ပြဿနာ တစ်ရပ်ဖြစ်လာသည်။ သစ်သားဂြိုဟ်တုများမှာ လေထုအတွင်း အန္တရာယ်ဖြစ်စေနိုင်သည့်အရာများ ထုတ်လွှတ်ခြင်းမရှိ၊ ကမ္ဘာမြေပေါ်သို့ အပျက်အစီးများ ပြုတ်မကျဘဲ  လောင်ကျွမ်းသွားမည်ဖြစ်သည်။


''ကမ္ဘာ့လေထုထဲ ပြန်ကျလာတဲ့ ဂြိုဟ်တုအားလုံးလောင်ကျွမ်းပြီး သေးငယ်တဲ့ အလူမီနာအမှုန်တွေ ဖြစ်စေပါတယ်။ အဲဒီအမှုန်တွေက အပေါ်ယံလေထုထဲမှာ နှစ်ပေါင်းများစွာရှိနေပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ အရမ်းစိုးရိမ်ပါတယ်။ နောက်ဆုံးကျရင် အဲဒီအမှုတွေက ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်စေ ပါတယ်။ နောက်တစ်ဆင့်ကျရင် (သစ်သား) ဂြိုဟ်တုရဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာပုံစံငယ်ကို ဖန်တီး သွားမှာပါ။ ပြီးရင် ပျံသန်းနိုင်တဲ့ ပုံစံငယ်တည်ဆောက်မှာပါ'' ဟု ကျိုတိုတက္ကသိုလ်၏ ပါမောက္ခ၊ ဂျပန် အာကာသယာဉ်မှူး တာကာအိုဒိုအီက ပြောသည်။


တာကာအိုဒိုအီမှာ ၂၀၀၈ ခုနှစ် မတ်လက နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်ခဲ့သည့် အာကာသယာဉ်မှူးဖြစ်သည်။                

 (KNT)






အခြားဆက်စပ်သတင်းများ