နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်ကော်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

လွိုင်ကော်၊ ဒီဇင်ဘာ ၂၇


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲဘက်မှ လွိုင်ကော်ဘက်သို့ မူးယစ်ဆေးဝါး ပမာဏအများအပြား သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းအရ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ဒီဇင်ဘာ ၂၅ ရက်၊  ည ၁၂ နာရီ အချိန်တွင် SKAT အမျိုးအစားမော်တော်ယာဉ်ရောက်ရှိလာခဲ့ပါသည်။ 

တပ်ဖွဲ့ဝင်များသည် အဆိုပါယာဉ်ကို  လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်၊ နံနက် ၄ နာရီခွဲအချိန် လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ လွယ်တမူကျေးရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းနေသည့် ပိတ်ဆို့ရေးအဖွဲ့နှင့်ပူးပေါင်း၍ ၎င်းမော်တော်ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်မောင်း ထွန်းနိုင်(ခ)မောင်စိ မောင်းနှင်၍ ခွန်းမာချယ်သိန်း လိုက်ပါလာသည်ကိုတွေ့ရပြီး ယာဉ်အား အသေးစိတ်ရှာဖွေရာ ယာဉ်၏ကိုယ်ထည်ကြမ်းခင်း အောက်တွင် အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၅၀,၀၅၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းနိုင်(ခ)မောင်စိ(၄၅)နှစ်၊ ခွန်းမာချယ်သိန်း (၃၃)နှစ်တို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ